လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်းနှင့်ပစ္စည်းများငှားရမ်းခြင်းတို့နှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ ရပ်နားထား သော ရေနံဓာတ်ငွေ့ရည်စက်ရုံ(ကျွန်းချောင်း)ကို ရေနံဓာတ်ငွေ့ရည်စက်ရုံ(ညောင်တုန်း)အနီးသို့ ရွှေ့ပြောင်းပြီး၊ စက်ရုံ(၂)ရုံကို လည်ပတ်ထုတ်လုပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရေနံ ဓာတ်ငွေ့ရည်အရောင်းဆိုင် ၄ ဆိုင်မှ ရေနံဓာတ်ငွေ့ရည်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ရတနာစု ကုမ္ပဏီလီမိတက်သို့ နှစ်ရှည်ငှားရမ်း၍ အကျိုးအမြတ်ခွဲဝေသောစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ လုပ်ငန်းကို ရတနာစုကုမ္ပဏီလီမိတက်သည် ၁-၁၁-၂၀၁၇ ရက်နေ့မှစ၍ ဆောင်ရွက်မည်ဖြစ်ပါ သည်။
၂။ သို့ဖြစ်ပါ၍ ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း)နှင့် ရေနံဓာတ်ငွေ့ရည်အရောင်းဆိုင်များ (အလုံ၊ အင်းစိန်၊ ဒဂုံ) မှ ရေနံဓာတ်ငွေ့ရည်ဝယ်ယူခြင်း၊ မီးဖိုနှင့်ဆက်စပ်ပစ္စည်းများ ငှားရမ်းခြင်း စသည့်ကိစ္စရပ်များကို ဆောင်ရွက်လိုပါက ရတနာစုကုမ္ပဏီလီမိတက်၏ အောက်ဖော်ပြပါလိပ်စာသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
ရတနာစုကုမ္ပဏီလီမိတက်
ခြံအမှတ်(၁၉)၊ အုတ်ကျင်းဘူတာရုံလမ်း
(၁၃)ရပ်ကွက်၊ လှိုင်မြို့နယ်
ဖုန်းနံပါတ် ၀၁-၅၂၂၉၉၁
Fax နံပါတ် ၀၁-၅၂၂၉၉၂
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန