ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ကမ်းလွန်ရတနာစီမံကိန်းပိုက်လိုင်း ဗဟိုထိန်း ချုပ်ရေးစခန်းသို့ ရောက်ရှိခဲ့ပြီး စီမံကိန်းစခန်းရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ သဘာဝ ဓာတ်ငွေ့ဖြန့်ဖြူး ထုတ်လုပ်ပေးနေမှုအခြေအနေ၊ ပိုက်လိုင်းသွယ်တန်းထားမှုအခြေအနေ များအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ သိလိုသည်များ မေးမြန်းဆွေးနွေးပြီး လုပ်ငန်းလိုအပ်ချက်များအား မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့် ကမ်းလွန်ရတနာစီမံကိန်း၏ ကမ်းလွန်းပိုက်လိုင်းကမ်းခြေသို့ ရောက်ရှိသောနေရာ Block Value Station အခြေအနေကိုလည်းကောင်း၊ ဓမင်းဆိပ်ရှိ Landfall သို့ ရောက်ရှိပြီး ကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သဘာဝဓာတ်ငွေ့ မီတာတိုင်းတာရေး စခန်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ပိုက်လိုင်းဗဟိုထိန်းချုပ်ရေး စခန်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါ သည်။