The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံရှိ အပူစွမ်းအင်သုံးစက်ရုံ၊ Coal Offloading Terminal ၊ Container Terminal နှင့် HVDC Substation တို့သို့ သွားရောက်လေ့လာ

 ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလ ၁၈ ရက်  

    မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေး ဆွေးနွေးမှုများပြုလုပ်ရန်နှင့် အိန္ဒိယနိုင်ငံ လျှပ်စစ်နှငင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာလုပ်ငန်းများကို လေ့လာရန်အတွက် အိန္ဒိယနိုင်ငံ Petroleum and Natural Gas ဝန်ကြီး၏ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေသော ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်သောင်း လိုက်ပါလျက် ယနေ့နံနက်ပိုင်းက အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်ရှိ Adani Power Limited မှ Operator အဖြစ်ဆောင်ရွက်နေသော ၄၆၂၀ မဂ္ဂါဝပ်တပ်ဆင်အင်အားရှိ အပူစွမ်းအင်သုံး Mundra Power Plant သို့ရောက်ရှိခဲ့ပါသည်။ 

စက်ရုံတွင် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရှင်းလင်းခန်းမဆောင်တွင် စက်ရုံလည်ပတ်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများကို ရှင်းလင်းတင်ပြကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လှည့်လည်၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုများ၊ Control Room နှင့် သင်တန်းခန်းမတို့ကို လေ့လာခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် AP and SEZ မှ Operator အဖြစ် ဆောင်ရွက်နေသော Coal Offloading Terminal သို့လည်းကောင်း၊ Container Terminal သို့လည်းကောင်း သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Utter Pradash ပြည်နယ်ရှိ Power Grid Corporation မှ Operator အဖြစ်ဆောင်ရွက်နေသော Agra HVDC Substation သို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post under by : Ministry Office
26-Dec-2017