လျှပ်စစ်ဟာလူနေမှု အဆင့်မြင့်မားရေးနဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံ တစ်နိုင်ငံဖြစ်ဘို့ အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကို ကြည့်ရင် လျှပ်စစ်ဘယ်လောက်အထိ သုံးစွဲနိုင်ပြီလည်း ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတိုင်းမှာ တစ်နှစ်ထက် တစ်နှစ် လျှပ်စစ်သုံးစွဲမှုတိုးမြှင့် နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလဲ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဆက်လက်တိုးတက် ဖြန့်ဖြူးပေးနိုင်ဘို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ တစ်ပြည်လုံး မှာ ၁၉၈၈ ခုနှစ်က မီးသုံးသူ အိမ်ထောင်စု ငါးသိန်း ကျော်သာရှိခဲ့ရာမှ ယခုဆိုရင် မီးသုံးသူ အိမ်ထောင်စု ၂.၄ သန်းကျော် အထိရှိလာပြီဖြစ်ပါတယ်။ နှစ်စဥ် မီးသုံးသူ ၁၅% တိုးတက်လျက်ရှိပါတယ်။
လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲမှု များပြားလာတာနဲ့အမျှ ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်းနဲ့ အကျိုးရှိအောင် သုံးစွဲဖို့ လိုအပ်ပါတယ်။ စက်မှုဇုန်များနှင့် အိမ်တွင်းစက်မှုလုပ်ငန်းများ တိုးတက် လာခြင်း၊ တစ်ပိုင်တစ်နိုင် အသေးစား ရေအားလျှပ်စစ်စက်ရုံငယ်များနဲ့ ပုဂ္ဂလိကပိုင် မီးစက်တွေက ဒေသအလိုက် ဓာတ်အားဖြန့်ဖြူးမှုတွေ တိုးတက်များပြားလာပါတယ်။ အဲဒီလို ဓာတ်အား သုံးစွဲ နိုင်ဖို့ နည်းလမ်းအမျိုးမျိုး နဲ့ ဆောင်ရွက်လာကြရာမှာ လျှပ်စစ်ဓာတ်အားကို လူနေမှု အဆင့်မြင့်မားဘို့ အကျိုးရှိရှိ သုံးစွဲသလို လျှပ်စစ်အန္တရာယ် ကင်းရှင်းစွာ အသုံးပြု နိုင်ရေးကလည်း အရေးကြီးလာပါတယ်။ လျှပ်စစ်အန္တရာယ် ဆိုတာ ၂ ပိုင်းရှိပါတယ်။ စနစ်တကျ သုံးစွဲမှု မရှိခြင်းကြောင့် ပစ္စည်းဥစ္စာ၊ အိမ်ယာများ ဆုံးရှုံးမှုအပိုင်း ၊ သုံးစွဲသူကို ထိခိုက်ဒဏ်ရာရမှု၊ အသက် ဆုံးရှုံးမှု အပိုင်းများကိုလည်း ကြုံတွေ့ရတတ် ပါတယ်။
အဓိက ကတော့ လျှပ်စစ်သတိနဲ့ဆိုင်ပါတယ်။ ဥပမာအားဖြင့် စျေးများ၊ ရုံးများ၊အိမ်များတွင် လျှပ်စစ်မီးဖို၊ ရေနွေးအိုးများကို တည်ထားပြီး မေ့ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခြင်း၊ လျှပ်စစ်ဓာတ်အားပြတ်တောက်ချိန်မှာ အသုံးပြုနေတဲ့ မီးဖို၊ မီးပူ၊ရေနွေးအိုး စတဲ့ အသုံးဆောင် ပစ္စည်း တွေကို မီးခလုတ် ပိတ်ဘို့ မေ့ခြင်းကြောင့် မီးပြန်လာချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်တတ် ပါတယ်…ဒါ့ကြောင့်မို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ -
- “ ရုံးဆင်းအိမ်ပြန်လျှင် ရုံးခန်းက မီးခလုတ်တွေပိတ်၊ မီးပလပ်တွေ ဖြုတ်ခဲ့ဘို့ မမေ့ပါနဲ့။
- မသေချာလျှင်ပြန်ကြည့်ပါ။
- ရုံးခန်းအတွင်းရှိ အဆင့်မြင့်ဆုံး အရာထမ်းက လိုက်နာမှု ရှိ/မရှိ ထပ်မံ စစ်ဆေးပါ။”
- “ စျေးပိတ်ချိန် အိမ်ပြန်လျှင် သင့်ဆိုင်က မီးခလုတ်တွေပိတ်၊ မီးပလပ်တွေ ဖြုတ်ခဲ့ဘို့ မမေ့ပါနဲ့။
- မသေချာလျှင် ပြန်ကြည့်ပါ။”
စသည့် သတိပေးနှိုးဆော်မှုများကို စျေးများ၊ လူအများမြင်နိုင်သော နေရာများမှာ ဆောင်ရွက်ထား ပါသည်။
မြွေကိုက်လျှင်ဆေးရှိသည်၊ ဓာတ်လိုက်လျှင် ဆေးမရှိ
“မြွေကိုက်လျှင်ဆေးရှိသည်၊ ဓာတ်လိုက်လျှင် ဆေးမရှိ” ဆိုတဲ့အတိုင်း လျှပ်စစ်ကို အသုံးပြုရာတွင် လျှပ်စစ်အသိ၊ လျှပ်စစ်သတိ မရှိတဲ့အတွက်ကြောင့် လျှပ်စစ်ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေစဉ်မှာ သတိရှိစွာ အသုံးပြုနေဘို့ အရေးကြီးပါတယ်။
သတိထားရမည့် အချက်များ
လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် လျှပ်စစ်ပစ္စည်းများကိုင်တွယ် အသုံးပြုရာတွင် သတိထားရမဲ့ အချက်များမှာ-
(၁) လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်အတွက် အိမ်သုံး လျှပ်စစ်ပစ္စည်းများအား ရေစိုလက်၊ ရေစိုနေ သော ခန္ဓာကိုယ်၊ ရေစိုနေသော အဝတ်အစားဝတ်လျက် ကိုင်တွယ်ခြင်း မပြုရပါ။
(၂) တမံတလင်း၊ မြေပြင်ပေါ်၌ ခြောက်သွေ့သော ဖိနပ်စီးထားခြင်း မရှိဘဲ ကိုင်တွယ် အသုံးမပြု ရပါ။
(၃) လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေးငယ်များ လက်လှမ်း မမီသော နေရာတွင် တပ်ဆင် အသုံးပြုရန်။
(၄) နေအိမ်ရှိ လျှပ်စစ်ပစ္စည်များအား တပြိုင်နက် အသုံးပြုခြင်းမှ ရှောင်ရှားရန်။
(၅) ဓာတ်အားလိုင်းအနီး ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊သစ်ကိုင်းများ ခုတ်လှဲခြင်းကို လျှပ်စစ် ဌာန၏ ခွင့်ပြုချက် မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရ။
(၆) ဓာတ်လိုက်မှု အန္တရာယ်ရှိနိုင်သဖြင့် နေအိမ် ခေါင်မိုး၊ ဝင်းခြံစည်းရိုး၊ သံပန်း၊ သံတံခါး၊ သံဇကာ များတွင် မီးကြိုးများနှင့် ထိနေခြင်း သွယ်တန်းချည်နှောင်ထားခြင်းများ မရှိရန် အထူး သတိပြု ပါ။
(၇) ပျက်စီးနေသော မီးပလပ်၊ဆော့ကတ်များ အသုံးပြုရာမှ ဓာတ်လိုက်သေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိနေသဖြင့် အမြန်ဆုံး လဲလှယ်ရန်။
(၈) ဓာတ်လိုက်နေသူအား လက်ဖြင့် ဆွဲပါက ဆွဲသူပါ ဓာတ်လိုက်ခံရမည် ဖြစ်ပါသည်။ ဓာတ်အား လိုင်း ပိတ်ခြင်း၊ ဓာတ်မလိုက်နိုင်သော ပစ္စည်း တစ်ခုခုဖြင့် တွန်းထုတ်ခြင်း၊ ဖယ်ရှားခြင်း ဆောင် ရွက်ရမည်။ (ဥပမာ-ခြောက်သွေ့နေသော သစ်သားချောင်း၊ဝါးလုံး)
လိုက်နာဆောင်ရွက်ရမည့် အချက်များ
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များမှာ-
(၁) ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ လဲကျ ၊ ကျိုးကျနေခြင်း။
(၂) ဓာတ်တိုင်မှ မိမိအိမ်သို့ ဆွဲထားသောဝါယာကြိုး (ဆားဗစ်ကြိုး)များ လျော့ကျခြင်း၊ ပြတ်ကျ ခြင်းများ တွေ့ရှိပါက ကိုင်တွယ်ခြင်း မပြုရ၊ လျှပ်စစ် ရုံးသို့ အကြောင်း ကြားပါ။
(၃) လုပ်ငန်းလုပ်ဆောင်ရာတွင် ကောင်းကင်ဓာတ်အားလိုင်းကြိုးများ ကို သတိပြုပါ။
(၄) ဓာတ်အားလိုင်းတိုင်ပေါ်သို့ တက်ရောက်ဆော့ကစားခြင်း မပြုရ။
ဓာတ်လိုက်မှု ဖြစ်စဉ်များ
ဓာတ်လိုက်မှု ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ရာတွင် အမျိုးအစား ၈ မျိုး ခွဲခြားတွေ့ရှိရပါတယ်။ ၂၀၁၀ ခုနှစ် မှ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ဖြစ်စဥ်အလိုက် ဓာတ်လိုက်မှု သေဆုံးမှုများကို စိစစ်ရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်-
စဉ် |
အကြောင်းအရာ |
၂၀၁၀ ခုနှစ် |
၂၀၁၁ ခုနှစ် |
၂၀၁၂ သြဂုတ်လထိ |
|||
သေ |
ဒဏ်ရာရ |
သေ |
ဒဏ်ရာရ |
သေ |
ဒဏ်ရာရ |
||
၁ |
ဓာတ်တိုင်မှ မိမိအိမ်သို့ ဆွဲထားသော ဝါယာ ကြိုး (ဆားဗစ်ကြိုး) ပြတ်ကျခြင်းနှင့် ဆားဗစ်ကြိုး ပေါက်ပြဲမှုကြောင့် ဓာတ်အား စီးဝင်ခြင်း |
၂၈ |
၂ |
၂၅ |
၅ |
၁၃ |
- |
၂ |
ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း |
၁၇ |
၄ |
၁၂ |
၄ |
၉ |
၂ |
၃ |
စက်ရုံ၊အလုပ်ရုံ၊ နေအိမ်များတွင် အသုံးပြု သော လျှပ်စစ်ပစ္စည်းများ စနစ်တကျ တပ် ဆင်သုံးစွဲမှု မရှိခြင်း |
၁၆ |
၄ |
၂၁ |
- |
၁၃ |
၁ |
၄ |
လျှပ်စစ်စီးဝင်နိုင်သော ပစ္စည်းများအားလိုင်း အောက်/အနီးတွင် ကိုင်တွယ်မိခြင်း |
၂၁ |
၇ |
၇ |
- |
၂၀ |
၇ |
၅ |
ဓာတ်အားလိုင်းများပြုပြင်ခြင်း၊လိုင်းအနီး လူပစ္စည်းများ ဝင်ရောက်ရာတွင် စက်ကွင်း အတွင်းကျရောက်၍ ဓာတ်လိုက်ခြင်း |
၃ |
၃ |
၇ |
၃ |
၂ |
- |
၆ |
မဟာဓာတ်အားလိုင်းနှင့်ဗို့အားမြင့် ဓာတ် အားလိုင်းများ၏ တိုင်ပေါ်သို့တက်ခြင်း၊ ဓာတ်ကြိုးများကို စမ်းသပ်သည့် သဘောဖြင့် ထိခြင်း |
၂ |
၂ |
၃ |
- |
၄ |
၁ |
၇ |
မြေအောက်ဓာတ်ကြိုးများ ၊ဓာတ်အားလိုင်း များနှင့်ပေါက်မိထိမိ၍ Flash Overဖြစ်ခြင်း |
- |
၁ |
- |
၁ |
- |
၁ |
၈ |
ဓာတ်ရုံအတွင်း လျှပ်စစ်ပြုပြင်ရာမှ လျှပ်ပန်း ခံရခြင်း |
- |
- |
၂ |
- |
၁ |
- |
စုစုပေါင်း |
၈၇ |
၂၃ |
၇၇ |
၁၃ |
၆၂ |
၁၂ |
နေအိမ်သို့ သွယ်တန်းထားသော ဆားဗစ်ကြိုးကြောင့် ဓာတ်လိုက်မှု
ဓာတ်လိုက်သေဆုံးမှုတွင် ဓာတ်တိုင်မှ မိမိအိမ်သို့ သွယ်တန်းထားသော(ဝါယာကြိုး) ဆားဗစ် ဝါယာကြိုးကြောင့် ဖြစ်ပွားရခြင်းများကို လေ့လာရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည်-
(က) နှစ်ကာလာကြာ အသုံးပြုထားသော ဆားဗစ်ကြိုးများ ဆွေးမြေ့ပေါက်ပြဲနေခြင်း။
(ခ) ဆားဗစ်ကြိုးများ ပြတ်ကျ၍ အမှတ်မထင် သွားရောက်ကိုင်တွယ်မိရာမှ ဓာတ်လိုက်မှု ဖြစ်ပွားခြင်း။
(ဂ) ပေါက်ပြဲနေသော ဆားဗစ်ကြိုးများ မိမိအိမ်ရှိ ဝင်းခြံစည်းရိုး၊ အိမ်ခေါင်မိုး၊ သံပန်း၊ သံတံခါး၊ သံဇကာများနှင့် ထိနေရာမှ လျှပ်စစ်စီးဝင်၍ ဓာတ်လိုက်ခြင်း။
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှ ဆောင်ရွက်ထားရှိမှု
ပြည်သူတွေ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်-
- အိမ်တိုင်ရာရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း။
- အများပြည်သူမြင်တွေ့နိုင်သော နေရာများတွင် နံရံကပ် စာစောင်များ ကပ်ခြင်း။
- လူသွားလူလာများသော လမ်းမကြီးများတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး သတိပေး ဆိုင်းဘုတ် များ စိုက်ထူခြင်း။
- ရုံး၊ ဌာနများ၊ ကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ခြင်း။
- အိမ်တိုင်ရာရောက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း။
- အများပြည်သူမြင်တွေ့နိုင်သော နေရာများတွင် နံရံကပ် စာစောင်များ ကပ်ခြင်း။
- လူသွားလူလာများသော လမ်းမကြီးများတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး သတိပေး ဆိုင်းဘုတ် များ စိုက်ထူခြင်း။
- ရုံး၊ ဌာနများ၊ ကျောင်းများ တွင် ဟောပြောပွဲများ ပြုလုပ်ခြင်း။
- ဓာတ်အားလိုင်းများတွင် ဓာတ်လိုက်မှု အန္တရာယ် ကင်းရှင်းရေးအတွက် Earth Ring, Earth Bar, Overhead Earth Wire များတပ်ဆင်ခြင်း။
- ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ခြင်း။
- ဟောင်းနွမ်းဆွေးမြေ့ ပေါက်ပြဲနေသော ဆားဗစ်ကြိုးများ လဲလှယ်ခြင်း။
- ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ၊ ဂျာနယ်များတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာ ရန်အချက်များ ထည့်သွင်းကြော်ငြာခြင်း။
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆောင်ရွက်ထားရှိမှု
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းမှာ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မြေစိုက်ပိုစတာ စိုက်ထူခြင်း၊ နံရံကပ်ပိုစတာများ ဆောင်ရွက်ခြင်း၊ လူထုဟောပြောပွဲများ ပြုလုပ်ခြင်း ၊ Earth Ring, Earth Bar, Overhead Earth Wire များ တပ်ဆင်ခြင်း ၊ ဓာတ်တိုင်မှ မိမိအိမ်သို့ ဆွဲသားထားသော ဝါယာကြိုး (ဆားဗစ်ကြိုး) အဟောင်း အဆွေးများ လဲလှယ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများအနေနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အတွက် အသိပေးထားသော အချက်များကို လိုက်နာ ဆောင်ရွက်ကြဖို့နဲ့ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ရာမှာ လည်း လျှပ်စစ်သတိ အမြဲရှိဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်……
- ဓာတ်အားလိုင်းကြိုးများ ပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်း ကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများ လဲကျ ကျိုးကျနေခြင်း။
- မိုးဒဏ်လေဒဏ်ကြောင့် ဓာတ်တိုင်များ ယိုင်လဲခြင်း။
- ထရန်စဖော်မာ ခြံဝင်းများ အတွင်းသို့ တာဝန်ရှိသူ မဟုတ်ဘဲ ဝင်ရောက် ခြင်း၊ ကလေးများ ဝင်ရောက်ဆော့ကစားခြင်း။
- လျှပ်စစ်ကျွမ်းကျင်မှု လက်မှတ် မရှိဘဲ ဓာတ်အားလိုင်းများအား ပြုပြင် ဆောင်ရွက်ခြင်း၊ အိမ်တွင်း လျှပ်စစ်လုပ်ငန်းများ ပြုပြင်ဆောင်ရွက်ခြင်း။