၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်
သတင်းထုတ်ပြန်ခြင်း(၇/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ စီမံကိန်းပတ်ဝန်းကျင် ကျေးရွာ(၄)ရွာတို့အား စီမံကိန်းမှတဆင့် လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနေသည့် အခြေအနေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများ အင်အားတိုးမြှင့် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြပါရှိနေသည့် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းအနီး သံဇစ်မြစ်ရေနောက်ကျိအရောင်ပြောင်းနေသည့်ကိစ္စ ရှင်းလင်းတင်ပြမှုအခြေအနေ၊ တရားမဝင်စက်သုံးဆီအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခြင်းနှင့် ပတ်သက်၍ စုံစမ်းတင်ပြခြင်းနှင့် အရေးယူဆောင်ရွက်ထားမှုအခြေအနေ၊ ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေးလျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှကြိုးပမ်းဆောင်ရွက်မှု အခြေအနေ၊ ပြင်ဦးလွင်ခရိုင်အတွင်း တကောင်းဒေသသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန်နှင့် ခွဲရုံများတည်ဆောက်ခြင်း အခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။