The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသော First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE) – INVEST 2018 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်

          အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ Vigyan Bhawan ခန်းမ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့၊ ၁၈:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သော First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE) – INVEST 2018 ဖွင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ပါသည်။

          ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres နှင့် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi တို့က မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြပါသည်။

အဆိုပါ အစည်းအဝေးအား အောက်တိုဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအဝေးတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားမည်ဖြစ်ပြီး အစည်း အဝေးကာလအတွင်း ဒေသတွင်းစွမ်းအင်ဝန်ကြီးများအဆင့် အစည်းအဝေးများ တက်ရောက်၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသွားမည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
03-Oct-2018