၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့၊ နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ၊ TATA Distribution Dehli ၏ Technological Centre သို့ သွားရောက်ခဲ့ပြီး Dehli မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ထိန်းချုပ်မှု၊ ဓာတ်အားပျောက်ဆုံးမှုများအား စီမံထိန်းချုပ်ဆောင်ရွက်မှုများကို ကြည့်ရှု လေ့လာခဲ့ပြီး နည်းပညာဖွံ့ဖြိုးရေး၊ လေ့ကျင့်ပညာပေးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။
ထို့နောက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ဆက်လက်ကျင်းပသည့် 2nd Global Renewable Energy (RE) – INVEST 2018 နောက်ဆုံးနေ့ အခမ်းအနားတွင် Defining green aviation through biojet fuels ဆိုင်ရာကဏ္ဍ၊ အိန္ဒိယနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ နေစွမ်းအင်၊ နည်းပညာနှင့် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ၊ Clean Cooking ၊ Financial Challenges ၊ Solar Thermal Process Heat ၊ Policy Initiatives ၊ RE-Invest Corporate Conclave နှင့် The Energy Transition of Germany and India စသည့် ကဏ္ဍများ၌ ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြပါသည်။