The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၂၀၁၉ ခုနှစ် ၊ နွေရာသီအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ဓာတ်ငွေ့ အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုမည့် 1.56 MW Gas Engine အသစ် ၆၄ လုံးနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူမှု အခြေအနေအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ကြည့်ရှုစစ်ဆေး

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (  ၁၉  ) ရက်

          ၂၀၁၉ ခုနှစ် ၊ နွေရာသီအမီ ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံတွင် တပ်ဆင်အသုံးပြုမည့် ဂျာမဏီနိုင်ငံထုတ် MTU အမျိုးအစား 1.56 MW Gas Engine အသစ် ၆၄ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ရန်ကုန် ဆိပ်ကမ်းမှ စီမံကိန်းလုပ်ငန်းခွင်သို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ ည ၀၈:၀၀ နာရီမှ စတင်ပြီး အသုတ်ခွဲ၍ သယ်ယူပို့ဆောင်လျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက် ၀၈:၀၀ နာရီတွင် နေပြည်တော်၊ ဘောဂသီရိကားကြီးကွင်းအနီး ပျဉ်းမနား မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၃/၅)၌ ပထမအသုတ် ရောက်ရှိလာသော Gas Engine များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်တို့သည် တာဝန်ရှိသူများနှင့်အတူ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

         

Post under by : ဝန်ကြီးရုံး
19-Oct-2018