၆၆ကေဗွီ ရသေ့တောင် - ဘူးသီးတောင် ဓာတ်အားလိုင်း(၃၃)မိုင်၊ ၆၆/၁၁ကေဗွီ ( ၅ ) အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း
- ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသရှိ ပြည်သူများ လူမှုဘဝ တိုးတက်ရေးမှာ လိုအပ်သော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိ သုံးစွဲ နိုင်ရေး ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် - ဘူးသီးတောင် - မောင်တော ဓာတ်အားလိုင်း (၆၄.၃၁)မိုင်နှင့် ၆၆ကေဗွီ ဓာတ်အားခွဲရုံများတည်ဆောက်ရေးစီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ပထမ အဆင့်အနေဖြင့် ၆၆ကေဗွီ ပုဏ္ဏားကျွန်း - ရသေ့တောင် ဓာတ်အားလိုင်း(၂၂.၂၁)မိုင်၊ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက် ခြင်းနှင့် ၆၆/၁၁ကေဗွီ (၅)အမ်ဗွီအေ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း များ ပြီးစီး၍ (၁၅.၃.၂၀၁၈) ရက်နေ့မှစ၍ ရသေ့တောင်ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့ပေါ် အိမ်ထောင်စုပေါင်း (၁၅၃၀)စု နှင့် ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စု(၃၃၇၄)စု သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
- ၆၆ကေဗွီ ရသေ့ တောင် - ဘူးသီးတောင်ဓာတ်အားလိုင်း(၃၃)မိုင်နှင့် ၆၆/၁၁ကေဗွီ(၅)အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်ပါသဖြင့် (၃၁.၁၀. ၂၀၁၈) ရက်နေ့ (၁၆:၃၈)နာရီတွင် ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စု (၁၁၉၂)စု ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဂန္ဓမာ၊ စေတီတော် စသည့် ကျေးရွာ ( ၉ ) ရွာသို့ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေး နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
15-Nov-2018