လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
ဖြည့်တင်းပြီး ရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် (ဃ) နှင့် (င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း
၁။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်အိုးများ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(လိုင်စင်(ဃ)နှင့်(င)) များသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့် သက်တမ်းကုန်ဆုံး သော နေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးမြှင့်ခြင်းကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။
၂။ လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးရန်အတွက် အောက်ဖေါ်ပြပါ အထောက်အထား စာရွက်စာတမ်းမိတ္တူများနှင့်အတူ လျှောက်လွှာကို ပြည်နယ်/တိုင်းဒေသကြီး များရှိ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူချက်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း များ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံးများတွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံး ထား၍ တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်-
(က) လိုင်စင်အသစ်/သက်တမ်းတိုးလျှောက်လွှာ
(ခ) သက်ဆိုင်ရာစည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်
(ဂ) သက်ဆိုင်ရာမီးသတ်ဦးစီးဌာန၏ထောက်ခံချက်
(ဃ) သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏အခွန်ကင်းရှင်းကြောင်းထောက်ခံချက်
၃။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ၂၉ ရက်နေ့အတွင်း သက်ဆိုင်ရာအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးပြီး လိုင်စင်အသစ်ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
၄။ လိုင်စင် အသစ်/သက်တမ်းတိုး လျှောက်လွှာပုံစံများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသ ကြီးများရှိ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင်သယ်ယူချက်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံးများတွင် ရယူနိုင်ပြီး အောက်ပါ Download Link တွင် Download ရယူနိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်၀န်ကြီးဌာန၏ Facebook Page တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
၅။ သက်တမ်းတိုးမြှင့်ရန်ပျက်ကွက်ပါက ၁-၁-၂၀၁၈ ရက်နေ့မှစတင်၍ ရက်လွန်ဒဏ်ကြေး အဖြစ် တစ်ရက်လျှင် လိုင်စင်ကြေး၏ ၁% ကိုပေးဆောင်ရမည်ဖြစ်ပြီး ၃ လ ကျော်လွန်ပါက လိုင်စင်အားဖျက်သိမ်းမည် ဖြစ်ပါသည်။
၆။ လိုင်စင်အသစ်/ သက်တမ်းတိုးလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက်များသိရှိလိုပါက ဖုန်း-၀၆၇-၃၄၁၁၁၉၄ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန