The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ 230/66 kV, 100 MVA ဧရာဝဏ်ဓာတ်အားခွဲရုံစီမံကိန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ 230/66 kV, 100 MVA ဧရာဝဏ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ စီမံကိန်းညွှန်ကြားရေးမှူး (တောင်ပိုင်း)မှ ဓာတ်အားခွဲရုံ အဝင်အထွက် ဓာတ်အားလိုင်းများ တည်ဆောက်ပြီးစီးမှု အခြေအနေ၊ ဓာတ်အားခွဲရုံ Switch Yard နှင့် Control Building တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်မှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပါသည်။

          ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေး ခဲ့ရာ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများအား တစ်နှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး အတွက် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
20-Apr-2019