၂၀၁၉ ခုနှစ်၊ ဇွန်လ ၇ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့တွင် ဒဂုံမြို့နယ်လွှတ်တော်ဓာတ်အားခွဲရုံအတွင်းရှိ ၆၆/၁၁-၆.၆ ကေဗွီ (၂ x ၃၀) အမ်ဗွီအေ GIS ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှု၍ လွှတ်တော်ဓာတ်အားခွဲရုံအတွင်းရှိ ၆၆/၁၁-၆.၆ ကေဗွီ (၂ x ၃၀) အမ်ဗွီအေ ထရန်စဖော်မာ (၂) လုံးတွင် On Load Top Changer များအား In Circuit မဖြစ်မနေ တပ်ဆင်သုံးစွဲရန် Cable Tray များအား အဖုံးများဖြင့် စနစ်တကျ တပ်ဆင်တည်ဆောက်ရန် ၊ နောင်တွင် လွှတ်တော်ဓာတ်အားခွဲရုံအား SCADA စနစ်ဖြင့် Control Center မှ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ထားရန်နှင့် ဓာတ်အားခွဲရုံ ထိန်းသိမ်းမောင်းနှင်နိုင်ရေး တာဝန်ချ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပုဇွန်တောင်မြို့နယ်အတွင်းရှိ ၃၃/၁၁ ကေဗွီ ၂၀ အမ်ဗွီအေ လိပ်ကန်ဓာတ်အားခွဲရုံသို့ ရောက်ရှိခဲ့ပြီး ၆၆ ကေဗွီ GIS လိပ်ကန်ဓာတ်အားခွဲရုံအသစ် တည်ဆောက်မည့် မြေနေရာ Layout Plan နှင့် Design များအားကြည့်ရှု၍ ၆၆ ကေဗွီ GIS လိပ်ကန် ဓာတ်အားခွဲရုံ၆ထပ်အဆောက်အဦတွင် ဝန်ထမ်းအိမ်ရာ ထည့်သွင်းတည်ဆောက်မည်ဆိုပါက Outdoor တွင် ထားရှိမည့် Transformer များအား လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အဖိုးထည့်သွင်းတည်ဆောက်ရန် အဆိုပြုဓာတ်အားခွဲရုံအဆောက်အဦ ဒီဇိုင်းအား ပြန်လည်ညှိနှိုင်းရေးဆွဲရန် ၊ ၂၃၀ ကေဗွီ ပုဇွန်တောင် (သီတာ) ဓာတ်အားခွဲရုံမှ ၆၆ ကေဗွီ ဓာတ်အားရယူမည့် အစီအမံများ ထည့်သွင်းစဉ်းစားရန်၊ Transformer နှင့် Secondary Side များအား Parallel တွဲ၍ ဓာတ်အားပေးနိုင်ရန် တစ်ပါတည်း စဉ်းစားဆောင်ရွက်ရန်နှင့် နေပြည်တော်လွှတ်တော် ဓာတ်အားခွဲရုံအတွင်း Indoor Capacitor Bank တပ်ဆင်ထားရှိမှုအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အင်ဂျင်နီယာများ စေလွှတ်၍ လာရောက်လေ့လာရန် မှာကြားပြီး လိပ်ကန်ဓာတ်အားခွဲရုံအသစ် တည်ဆောက်မည့် မြေနေရာအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၆၆ ကေဗွီ သီတာဓာတ်အားခွဲရုံသို့ သွားရောက်၍ သီတာဓာတ်အားခွဲရုံ Switchyard အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ခေတ္တအမှုဆောင်အရာရှိချုပ်နှင့် ဓာတ်အားခွဲရုံမှူးများမှ လက်ရှိ ဓာတ်အားပေးထားသည့် အခြေအနေ၊ ၂၃၀ ကေဗွီ ပုဇွန်တောင် (သီတာ) ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးပါက ဓာတ်အားရယူသုံးစွဲမည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ ၂၃၀ ကေဗွီ ပုဇွန်တောင် ဓာတ်အားခွဲရုံ၊ အလုံဓာတ်အားခွဲရုံနှင့် သာကေတဓာတ်အားခွဲရုံတို့မှ ဓာတ်အားလိုင်းများ Alternative Source ဖြင့် ဓာတ်အားပြန်လည်လှည့်ပေးနိုင်ရေးတို့အတွက် စီမံထားရှိရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သီတာဓာတ်အားခွဲရုံအတွင်းရှိ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားပေးထားမှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သီတာဓာတ်အားခွဲရုံအတွင်း ၆၆ကေဗွီ GIS ဓာတ်အားခွဲရုံအသစ် တည်ဆောက်ရန် လျာထားသည့် မြေနေရာအသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဓာတ်အားခွဲရုံတည်ဆောက်ရန် လျာထားသည့် ဒီဇိုင်း၊ Layout များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။