၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ( ၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၆၃/၄) အနီးရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် လျက်ရှိသော အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း (မန္တလေး) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ ဓာတ်အား ခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များ၊ ဓာတ်အားဖြန့်ဖြူးပေးထားမှု အခြေအနေ များနှင့် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက် ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးမှ လုပ်ငန်းများအချိန်မီပြီးစီးရေး၊ ဓာတ်အားများ ဆောလျင်စွာဖြန့်ဖြူး ပေးနိုင်ရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံစိတ်ချရသည့် ဓာတ်အားစနစ်ဖြစ်စေ ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး ဓာတ်အား ခွဲရုံအတွင်း ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင် တည်ဆောက် ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၄င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၆၃/၄) အနီးရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ် ရေးစခန်း(မန္တလေး)သို့ ရောက်ရှိရာ စီမံကိန်းတာဝန်ရှိသူများက ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်း၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း တင်ပြကြပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပိုက်လိုင်းများ ကြံ့ခိုင်ကောင်း မွန် စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်၊ ပိုက်လိုင်းပတ်ဝန်းကျင်နေ ဒေသခံ ပြည်သူလူထုအား ပိုက်လိုင်းနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ကျယ်ကျယ် ပြန့်ပြန့် ပညာပေးဟောပြောရန်နှင့် သတိပေးချက်များအား ထင်သာမြင်သာရှိသောနေရာများ တွင် ချိတ်ဆွဲပြသထားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ထိန်းချုပ်ပို့လွှတ်နေသော Control Centre အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စီမံကိန်းကာလ အတွင်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်း၊ ထိန်းချုပ်ရေးစခန်းအတွင်း ဝန်ထမ်းများ အတွက် ဆောက်လုပ်ပေးထားသော အားကစားခန်းမများ၊ အိပ်ခန်းများ၊ စားသောက်ခန်းမ တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အဆိုပါ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရေနံစိမ်း ၃၂ လက်မပိုက်လိုင်း ၇၇၁ ကီလိုမီတာနှင့် သဘာဝဓာတ်ငွေ့ ၄၀ လက်မပိုက်လိုင်း ၇၉၃ ကီလို မီတာရှိပြီး၊ ရခိုင်ပြည်နယ်၊ မဒဲကျွန်းမှ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ တစ်ရက်လျှင် ပျမ်းမျှ ရေနံစိမ်း ၁၆၀၀၀ မက်ထရစ်တန်ခန့်နှင့် သဘာဝဓာတ်ငွေ့ ၄၀၀ ကုဗပေသန်းခန့် နေ့စဉ်ပို့လွှတ်ပေးလျက်ရှိပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့် နေ့စဉ် သဘာဝဓာတ်ငွေ့ ၁၀၀ ကုဗပေသန်းခန့် ရယူသုံးစွဲလျက် ရှိကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံတည်ငြိမ်စွာဖြင့် စဉ်ဆက်မပြတ် ပုံမှန်လည်ပတ် နိုင်ရန် နည်းပညာဝန်ထမ်းများက Supervisory Control and Data Acquisition (SCADA) စနစ်ဖြင့် ပိုက်လိုင်းတလျှောက် လည်ပတ်မှုအခြေအနေများကို ၂၄ နာရီမပြတ် အချိန်ပြည့် စောင့်ကြည့်လုပ်ငန်းဆောင်:ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။