The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် နတ်မောက်မြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၁ ခုနှစ်၊ အောက်တိုဘာလ ( ၂၈ ) ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတ၊သဘာဝ ပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဉီးမြင့်ဇော် နှင့်အတူ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြင်းကင်းဓာတ်အားခွဲရုံ ၊ နတ်မောက်လမ်း ဓာတ်အားခွဲရုံ၊ လွှတ်တော် ဓာတ်အားခွဲရုံနှင့် နတ်မောက်မြို့နယ်ရှိ မြို့သစ်မြို့ ဓာတ်အားခွဲရုံများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

              ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ မြင်းကင်း ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများက ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားလက်ခံဖြန့်ဖြူးပေးနေမှု အခြေအနေတို့အား ရှင်းလင်း တင်ပြကြပါသည်။  ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဓာတ်အားသုံးစွဲသူ ပြည်သူများ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေးနှင့် လျှပ်စစ်ဓာတ်အားလေလွင့် ပျောက်ဆုံးမှု မရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။   

              ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၃၃/၁၁ ကေဗွီ (၂၀)အမ်ဗွီအေ နတ်မောက်လမ်းဓာတ်အားခွဲရုံ နှင့် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ လွှတ်တော် ဓာတ်အားခွဲရုံ သို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက် များအား လမ်းညွှန်မှာကြားပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြို့သစ်မြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဆွေတို့နှင့်အတူ မကွေးတိုင်းဒေသကြီး  နတ်မောက် မြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မြို့သစ်မြို့ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ  တာဝန်ရှိသူများက ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား လက်ခံဖြန့်ဖြူးပေးနေမှု အခြေအနေ တို့အားရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပြည်သူများသို့ဖြန့်ဖြူးပေးရာတွင် ဗို့အားကျဆင်းမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု အနည်းဆုံးဖြစ်စေရေးနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား အရည်အသွေးပြည့်မီသည့် ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်း ကျဆင်းရေးအတွက် ထရန်စဖော်မာများ ၊ ဓာတ်အား ခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် ၊ ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်များ ဆောင်ရွက် သည့်အခါ  ဓာတ်အားပြတ်တောက်ချိန် အနည်းဆုံးနှင့် ပြည်သူလူထုအပေါ် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
28-Oct-2019