၂၀၁၉ ခုနှစ် ၊ အောက်တိုဘာလ ( ၃၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ၊ Marina Bay Sands Hotel တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့မှ (၃၁) ရက်နေ့အထိကျင်းပသည့် (၁၂) ကြိမ်မြောက် စင်ကာပူအပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်သို့ တက်ရောက်ခဲ့ပြီး ဆက်စပ်အစည်း အဝေးများဖြစ်သော Singapore Energy Summit, Singapore International Energy Agency Forum တို့၌ ကျင်းပသည့်ဆွေးနွေးပွဲများသို့လည်း တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးများကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် ပြစ်သစ်နိုင်ငံ အခြေစိုက် EDF ကုမ္ပဏီ၏ Group Senior Executive Vice President ဖြစ်သူ Ms.Marianne Laigneau နှင့်အဖွဲ့အားတွေ့ဆုံ၍ လက်ရှိရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နေမှု အခြေအနေနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများအား ဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ ညနေပိုင်းတွင် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိရာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။