၁။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခွန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်း၊ ရေတင်အဆင့်(၁) (ကင်းတား)တွင် ၆၆ကေဗွီ ဓာတ်အားလိုင်း (၈)မိုင် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါလုပ်ငန်းဆောင်ရွက်ရာတွင် လွတ်ကင်းမှုမရှိသော ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ကူမဲဓာတ်အားခွဲရုံရှိ ၁၁ကေဗွီ ၅၀၀၂ ဖီဒါအား (၂၃-၁၁-၂၀၁၉) ရက် စနေနေ့၊ နံနက် (၀၈:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ်ရှိ မြနဒီသရက်ခြံ၊ မှုန်တောင်၊ ချမ်းငြိမ်းသာရေစက်တို့တွင် ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်။