၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသော စက်သုံးဆီများ၏ အရည်အသွေးနှင့်အခြင်အတွယ် ကိုက်ညီ မှန်ကန်မှုရှိ မရှိ Mobile Fuel Lab မော်တော်ယာဉ်များဖြင့် ရှောင်တခင်စစ်ဆေးနေမှုကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုင်မြို့နယ်၊ ဘုရင်နောင်လမ်းမကြီးပေါ်ရှိ 360° PETRO စက်သုံးဆီအရောင်းဆိုင်သို့ရောက်ရှိရာ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက စက်သုံးဆီအရည်အသွေးနှင့်အခြင်အတွယ် ရှောင်တခင်စစ်ဆေးနေမှု အခြေ အနေကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက စစ်ဆေးပြီးရလဒ်များကို ဌာန၏အင်တာနက် စာ မျက်နှာများ၊ စက်သုံးဆီဆိုင်များ၏ အင်တာနက်စာမျက်နှာများပေါ်တွင်လည်း ဖော်ပြပေးစေလိုကြောင်း၊ သို့မှသာ သုံးစွဲသူပြည်သူများ၏ လေးစားယုံကြည်မှုကို ရရှိမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီ အရည် အသွေး စစ်ဆေးရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တိတိကျကျစစ်ဆေး ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး Mobile Fuel Lab မော်တော်ယာဉ်ဖြင့် စစ်ဆေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် MAX စက်သုံးဆီအရောင်းဆိုင်နှင့် မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍ Mobile Fuel Lab မော်တော်ယာဉ်ဖြင့် စက်သုံးဆီ ရှောင်တခင်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကြိုတင် ကာကွယ်နိုင်ရေးအစီအမံများကို စနစ်တကျဆောင်ရွက်ထားရန်နှင့် ထုတ်ပြန်ထားသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဉပေဒနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ယနေ့အထိ နိုင်ငံအဝှမ်းတွင် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၂,၆၄၃ ဆိုင်အား စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကို စိစစ် ခွင့်ပြုထုတ်ပေး ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၈၆ ဆိုင်အား စိစစ်ခွင့်ပြုထုတ်ပေးထားပြီး၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် Mobile Fuel Lab မော်တော်ယာဉ် ၆ စီးကိုအသုံးပြု၍ ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိသည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်ဖွဲ့စည်းထားသည့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း များ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီများက Mobile Fuel Lab မော်တော်ယာဉ်မပါဘဲ ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ စက်သုံးဆီနမူနာများကိုရယူကာ သက်ဆိုင်ရာဓာတ်ခွဲခန်းသို့ ပေးပို့စမ်းသပ် စစ်ဆေးမှုများပြုလုပ်ပြီး ကိုက်ညီမှန်ကန်မှုမရှိသောအရောင်းဆိုင်များအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံအဝှမ်း စက်သုံးဆီအရည်အသွေးနှင့်အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိ−မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည့် အရောင်းဆိုင်ပေါင်း ၅၄၅ ဆိုင်ရှိပြီး အရည် အသွေးနှင့်အခြင်အတွယ် ကိုက်ညီမှန်ကန်မှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် စက်သုံးဆီ အရောင်းဆိုင် ၆၇ ဆိုင်အား ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် ခဲ့ပါသည်။
မွန်းလွှဲပိုင်းတွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဌ(၂) ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင် များနှင့် မြေယာကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ဥက္ကဌက ထားဝယ်အထူးစီးပွားရေးဇုန် ကနဉီးစီမံကိန်းအတွက် မြေငှားစာချုပ်အခြေအနေ၊ ပင်မစီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများမှ လာရောက်တွေ့ဆုံမှုများနှင့် မြေယာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။