၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း သည် Yoma Mandalay Energy ကုမ္ပဏီ၏ Chief Executive Officer ဖြစ်သူ Mr. Seth ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ ၁၄:၃၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Yoma Mandalay Energy ကုမ္ပဏီနှင့် ကျေးလက်ဒေသ ဦးစီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Rural Solar Project များဆောင်ရွက်မှုအခြေအနေများ၊ Roof-top Solar 20 to 30 MW ထုတ်လုပ်မှုအတွက် အဆိုပြုလွှာ တင်ပြလိုသောအခြေအနေနှင့် ပိုလျှံထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို National Grid နှင့်ချိတ်ဆက်၍ ရောင်းချလိုမှုအား ဝန်ကြီးဌာနသို့ Detail Proposal တင်ပြနိုင်ရေး၊ ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း မှ ကိုးကိုးကျွန်းတွင် Isolated Solar Gird ဆောင်ရွက်ရန် တင်ဒါခေါ်ဆိုမည့်အခြေအနေ၊ Smart Metering နှင့်ပတ်သက်၍ ဆောင်ရွက်လိုသည့် ဒေသကို Surveying and Data Collection အား မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရန် အဆိုပြုနိုင်မှုအခြေအနေ၊ Floating Solar နှင့်ပတ်သက်သော နည်းပညာ၊ မူဝါဒရေးရာ စသည်တို့အတွက် ဝန်ကြီးဌာန အနေဖြင့် သုံးသပ်ဆောင်ရွက်နေမှု အခြေအနေစသည့်ကိစ္စများ နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Yoma Mandalay Energy ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။