၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၅ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Asia Development Bank (ADB) မှ Principal Energy Economic ဖြစ်သူ Mr. Bui Duy Thanh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၊ ၁၃:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Scale Up Solar Power Generation နှင့်ပတ်သက်သော စီမံကိန်းအဆိုပြုတင်ပြချက်၊ ASEAN နိုင်ငံများအတွင်း Solar to Power Project မှ ဓာတ်အားခသက်သာစွာဖြင့် ဖြန့်ဖြူးနိုင်ရန်အတွက် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရမှ ပါဝင်ရင်းနှီးမြှုပ်နှံမှုနှင့် ADB မှ အောင်မြင်ခဲ့သည့် စီမံကိန်းများအားအခြေခံ၍ ဘဏ္ဍာငွေနှင့် နည်းပညာဆိုင်ရာတို့ဖြင့် Grid Study ၊ Site Selection ၊ Power Development များ သုံးသပ်ဆောင်ရွက်ရန်ကိစ္စ၊ Solar PV Project များတွင် ပုဂ္ဂလိကမှ ရင်းနှီးမြှုပ်နှံနိုင်မှုဆိုင်ရာ Evacuation Facilities ၊ Storage စသည့်ကဏ္ဍများ၊ ADB ၏ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုဖြင့် Independent Power Producer (IPP) စီမံကိန်းများတွင် ပုဂ္ဂလိကမှ ပါဝင်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ၂၀၂၀-၂၀၂၂ တွင် ADB ၏ ဘဏ္ဍာရေး ဆိုင်ရာ ပံ့ပိုးမှုဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်မည့်ဒေသများအား ပိုမိုတိုးချဲ့ ဆောင်ရွက် နိုင်ရေး စသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Asia Development Bank (ADB) မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။