The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Trimble Solutions Corporation မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၀ )ရက်

               လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Trimble Solutions Corporation မှ Regional Director ဖြစ်သူ Mr. Pekka Hamalainen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ဒုတိယဝန်ကြီး၏ ရုံးခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

               ထိုသို့တွေ့ဆုံရာတွင် ဖင်လန်နိုင်ငံအစိုးရမှ Funded ​ပေးအပ်သော Public Sector Investment Facility (PIF) နှင့် လုပ်ဆောင်မည့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချရေး စီမံကိန်း ဆိုင်ရာကိစ္စရပ်များ၊ Project Funding Process စတင်လုပ်ဆောင်နိုင်မည့် Letter of Interest (LOI) ဆိုင်ရာကိစ္စရပ်များ၊ Electricity Distribution Infrastructure များအပါအဝင် Planning , Construction နှင့် Operation Process များတွင် ခေတ်မီပြီး ယုံကြည်စိတ်ချရသည့် Distribution လိုင်းများ ဖြစ်ပေါ်လာစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် စွမ်းအင်ကဏ္ဍ  ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ကို လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံအကြား လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း၊ Financial Support နှင့် ပတ်သက်သည့် PIF Project Funding Elements ဆိုင်ရာ ကိစ္စရပ်များ၊ Engineering Program နှင့်ပတ်သက်၍ Communication Line ကိစ္စရပ်များ၊ Distribution Line အဆင့် မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဌာနဆိုင်ရာအကြီးအကဲ များနှင့် Trimble Solutions Corporation မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
11-Dec-2019