၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၈ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် 24 Hour Mining & Industry Co., Ltd. မှ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်အောင်ဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် 24 Hour Mining & Industry Co.,Ltd. တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်း စေရေးအတွက် Environmental and Social Impact Assessment (ESIA) လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် နည်းပညာသုံး ဓာတ်အားပေးစက်များ တပ်ဆင်အသုံးပြုနိုင်ရေး၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Transmission Line များ အခြေအနေနှင့် စီမံကိန်းအား ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် 24 Hour Mining & Industry Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။