The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် U Energy Thakata Power Company Limited မှ ဆောင်ရွက်လျက်ရှိသော ၁၀၆ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သွားရောက်စစ်ဆေး

         

          ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် U Energy Thakata Power Company Limited မှ JVA စနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသော ၁၀၆ မဂ္ဂါဝပ် ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခြင်းအား လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှတာဝန်ရှိသူများ လိုက် ပါလျက် ၁၃-၁-၂၀၁၈ ရက်နေ့တွင် သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေး ခဲ့ပါသည်။

          အဆိုပါ ၁၀၆ မဂ္ဂါဝပ် ထုတ်လုပ်မည့် သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး စက်ရုံတည်ဆောက်ဆောင်ရွက်ခဲ့မှု၊ စမ်းသပ်မောင်းနှင်လည်ပတ်မှုအခြေအနေအား စက်ရုံ အတွင်းရှိ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပါသည်။

          ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ သာကေတ ဓာတ်အားပေးစက်ရုံဝင်းအတွင်းတည်ရှိပြီး သဘာဝဓာတ်ငွေ့သုံးစက်(Gas Turbine)၇၅ မဂ္ဂါဝပ်(၁)လုံး၊ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံ (Steam Turbine Generation)၃၁ မဂ္ဂါဝပ်(၁)လုံး တည်ဆောက်ခြင်းလုပ်ငန်းကို (၂၀-၃-၂၀၁၆)မှစတင် ဆောင်ရွက်ခဲ့ပြီး လိုအပ် သော သဘာဝဓာတ်ငွေ့ကို ဇောတိကကမ်းလွန်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ စက်ရုံမှထွက်ရှိလာသည့် ဓာတ်အားများကို ၆၆ ကေဗွီ ဓာတ်အားလိုင်းမှ သာကေတ ဓာတ်အားခွဲရုံသို့ ချိတ်ဆက်ပြီး ဓာတ်အားစနစ်ကွန်ရက်အတွင်းသို့ ပို့လွှတ်သွားမည် ဖြစ်ပါ သည်။

          လက်ရှိ ပထမအဆင့်အနေဖြင့် သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေး (Gas Turbine) ၇၅ မဂ္ဂါဝပ်စက်(၁)လုံးကို စမ်းသပ်မောင်းနှင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး စွန့်ပစ် အပူသုံးဓာတ်အားပေးစက်ရုံ (Steam Turbine Generation)၃၁ မဂ္ဂါဝပ်(၁)လုံး တည်ဆောက် ခြင်းလုပ်ငန်းကိုလည်း ပြီးစီးနိုင်ရေးကို စီစဉ်လျက်ရှိပြီး  အဆိုပါ စက်ရုံမှ ဓာတ်အားများကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ပုံမှန်ထုတ်လုပ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါ ပါသည်။

Post under by : ဝန်ကြီးရုံး
13-Jan-2018