နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ကဏ္ဍစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့ (၀၈:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဥက္ကဋ္ဌများ၊ ဌာနအကြီးအကဲများ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စွမ်းအင်မူဝါဒနှင့်အညီ ပြည်တွင်းလိုအပ်သော လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားကို တိုးတက်ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးသွားနိုင်ရန် ကာလတို၊ ကာလရှည်စီမံချက်များချမှတ်၍ စီမံကိန်းလုပ်ငန်းများ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် အများပြည်သူနှင့် စက်မှုလုပ်ငန်းများ ဓာတ်အားသုံးစွဲမှု ပမာဏအမြင့်ဆုံးအခြေအနေမှာ ၃၁၈၉ မဂ္ဂါဝပ်ရှိရာ အဆိုပါလိုအပ်ချက်အတွက် ရေအားလျှပ်စစ်စက်ရုံ ၁၇ ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၁၅ ရုံမှ ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ နှစ်စဉ် နှစ်တိုင်း ဓာတ်အားတိုးတက်မှုနှုန်းမှာ ၁၅ % ခန့် တိုးတက်သုံးစွဲလျက်ရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံး ဓာတ်အားလိုအပ်မှုမှာ ၅၀၉၂ မဂ္ဂါဝပ်ရှိမည်ကို ခန့်မှန်းထားရှိသည့်အတွက် ၁၉၀၃ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ အဆိုပါဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ထုတ်လုပ် နိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလများအလိုက် အချိန်မီ ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်သွားနိုင်ရေးနှင့် ဖြစ်ပေါ် နေသော အခက်အခဲများကို ပွင့်လင်းမြင်သာစွာ တင်ပြနိုင်ရေး ယခုလိုခေါ်ယူတွေ့ဆုံရခြင်းဖြစ်ပါ ကြောင်း၊ ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို သက်ဆိုင်ရာခွဲရုံ များသို့ ရောက်ရှိနိုင်ရေးအတွက်လည်း ဓာတ်အားပို့လွှတ်ရေးလိုင်းများကိုလည်း အချိန်နှင့် တစ်ပြေးညီ ပြီးစီးရန်လိုအပ်ပါကြောင်း၊ အဆိုပါ ဓာတ်အားပို့လွှတ်ရေးလိုင်းများ တည်ဆောက်ရာတွင်လည်း လိုအပ်သော မြေယာလျော်ကြေးဆိုင်ရာကိစ္စရပ်များသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံ ဆောင်ရွက်ရသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒအား အထူးအလေးထားလိုက်နာပြီး မိမိတို့၏ လုပ်ငန်းပြီးစီးအောင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ ဓာတ်အားဖြန့်ဖြူးရေးအပိုင်း အနေဖြင့်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်းများကို အချိန်မီပြီးစီးနိုင်ရေး၊ မြို့နယ်များအလိုက် ဗို့အားပြည့်မီစွာ၊ ဓာတ်အားလုံလောက်စွာ နှင့် ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန သည် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ဖြည့်ဆည်း နိုင်ရေးအတွက် ဆောင်ရွက်ဆဲနှင့် ထပ်မံဆောင်ရွက်မည့် ဓာတ်အားထုတ်လုပ်မှုအပိုင်း၊ ဓာတ်အား ပို့လွှတ်မှုအပိုင်းနှင့် ဓာတ်အားဖြန့်ဖြူးရေးအပိုင်းများကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးနိုင်ရေး အထူးအလေးထားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လျှပ်စစ်အင်ဂျင်နီယာများက လက်ရှိဆောင်ရွက်ဆဲ ရေအားလျှပ်စစ် စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ၏ ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်နေမှု၊ သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ထားရှိမှု၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဓာတ်အား သုံးစွဲမှုအခြေအနေ၊ ဓာတ်အားတိုးတက်အောင် ဖြန့်ဖြူးမည့်အစီအစဉ်၊ ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေး ဆောင်ရွက်နေမှုအခြေအနေ၊ ဓာတ်အားလိုအပ်ချက်အခြေအနေ၊ ဓာတ်အားလိုအပ်ချက် အား ဖြည့်ဆည်းနိုင်မှုအခြေအနေတို့အား အသီးသီးတင်ပြခဲ့ကြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များကို ညွှန်ကြားဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။