The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာနိုင်ငံလျှပ်စစ်ဓာတ်အားတိုးတက်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် LNG သုံး ဓာတ်ပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများ တည်ဆောက်မည့် အခြေအနေနှင့်ပတ်သက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် MRTV တို့ တွေ့ဆုံမေးမြန်းသည့်အစီစဉ်

() မေး။    ပြည်ထောင်စုဝန်ကြီးရှင့် လက်ရှိ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအမြင့် ဆုံးအခြေအနေကို သိရှိလိုပါတယ်ရှင့်

      ဖြေ             ယခုလက်ရှိ ဓာတ်အားသုံးစွဲမှုပမာဏအမြင့်ဆုံးမှာ ၃၁၈၉ မဂ္ဂါဝပ် ခန့်ရှိပြီး အဆိုပါ        လိုအပ်ချက်ကို ရေအားလျှပ်စစ်စက်ရုံ(၁၇)ရုံနှင့် အပူစွမ်းအင်သုံးဓာတ်အားပေး        စက်ရုံ(၁၅)ရုံ တို့မှ ထုတ်လုပ်ပေးလျက်ရှိပါတယ်။

(မေး။    နှစ်စဉ်ဓာတ်အားတိုးတက်သုံးစွဲမှုအခြေအနေအရ ဆက်လက်ဆောင်ရွက်မည့် အခြေ အနေကို သိရှိလိုပါတယ်ရှင့်။

      ဖြေ     နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲနှုန်းမှာ ၁၅% တိုးတက်နေပါတယ်။ ဒီလို တိုးတက်လာတာ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ၄၅၃၁ မဂ္ဂါဝပ်ထိ သုံးစွဲမယ်လို့ ခန့်မှန်း ထားရှိပါတယ်။ လက်ရှိတွင် ၃၁၈၉ မဂ္ဂါဝပ်ထိ ထုတ်လုပ်နိုင်၍ ၁၃၄၂ မဂ္ဂါဝပ်ထပ်မံ လိုအပ်ပါမယ်။ ဒီအတွက် ၂၀၁၈ ခုနှစ်တွင် စက်ရုံ(၃)ရုံမှ ၄၃၉ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် စက်ရုံ(၄)ရုံမှ ၇၅၀ မဂ္ဂါဝပ် ၊ ၂၀၂၀ ခုနှစ်တွင် စက်ရုံ(၃)ရုံမှ ၂၆၀ မဂ္ဂါဝပ် ၊ ၂၀၂၁ ခုနှစ်တွင် စက်ရုံ(၅)ရုံမှ ၉၇၁ မဂ္ဂါဝပ် နှင့် ၂၀၂၂ ခုနှစ်တွင် စက်ရုံ(၅)ရုံမှ ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး စီစဉ်ထားပါတယ်။ အဆိုပါစက်ရုံများ ဓာတ်အားထုတ်လုပ် မှုတွင် ရေအားစက်ရုံများ(၁၅ %)၊ HFO စက်ရုံများ(၁၈ %)၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများ(၃၀ %)၊LNG စက်ရုံ(၃၂ %)၊ Solar စက်ရုံ(၅ %) ပါဝင်မှာဖြစ်ပါတယ်။

(မေး။    လက်ရှိတွင်ဓာတ်အားများထုတ်လုပ်နေမှုအရ ဓာတ်အားလိုင်းများ၏ သယ်ယူ ဖြန့်ဖြူးနေမှုအခြေအနေကိုလည်း သိရှိလိုပါတယ်ရှင့်။

      ဖြေ     လက်ရှိတွင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း (၆၃)လိုင်း(၂၈၄၆.၂၅)မိုင်နှင့် ခွဲရုံ(၃၈)ရုံ (၅၅၂၀ အမ်ဗွီအေ)၊ ၁၃၂ ကေဗွီ (၄၂)လိုင်း(၁၃၆၂.၅)မိုင်နှင့် ခွဲရုံ(၂၄)ရုံ(၁၇၂၄.၅ အမ်ဗွီအေ)၊ ၆၆ ကေဗွီ ဓာတ်အားလိုင်း(၆၄၈၈.၇)မိုင်နှင့် ခွဲရုံ(၂၉၅)ရုံ(၄၀၄၀.၅ အမ်ဗွီအေ)တို့ရှိပါတယ်။ လက်ရှိဓာတ်အားသုံးစွဲမှုအရ ဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံတို့တွင် ဝန်အားစီးဆင်းမှုအား သယ်ပို့ဖြန့်ဖြူးလာနိုင်သော်လည်း ထပ်မံတိုးတက် သုံးစွဲမှုအရ တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်နေပါတယ်။

(မေး။    လက်ရှိတွင် ဓာတ်အားသုံးစွဲမှုအခြေအနေကို သိရှိလိုပါတယ်။

      ဖြေ     မြန်မာနိုင်ငံမှာ မီးသုံးစွဲသူ ၁၀.၈၇၇ သန်းအနက် ၄.၂၈၉ သန်း(၃၉.၄%)  လျှပ်စစ် မီးရရှိပြီး ၆.၅၈၈ သန်းမီးရရှိရန် ကျန်ရှိနေပါတယ်။ မြို့အနေဖြင့် ၄၈၂ မြို့အနက် ဓာတ်အားစနစ်မှ ၃၅၀ မြို့ မီးရရှိပြီး အခြားနည်းလမ်းဖြင့် ကျန် ၁၃၂ မြို့ မီးရရှိထား ပါတယ်။ ကျေးရွာများအနေဖြင့် ၆၃၇၃၇ ရွာရှိသည့်အနက် ၃၂၂၂၈ ရွာ မီးရရှိပြီး ၃၁၅၀၉ ရွာ ကျန်ရှိနေပါတယ်။

(မေး။    မြို့ကြီးများအနက် ဓာတ်အားသုံးစွဲမှုအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏အခြေအနေကိုလည်း သိရှိလိုပါတယ်ရှင့်။

      ဖြေ     ရန်ကုန်တိုင်းဒေသကြီးမှာ မီးသုံးစွဲသူ အိမ်ထောင်စု ၁.၅၈ သန်း အနက် ၁.၃ သန်း မီးရရှိပြီး ၀.၂၈ သန်း မီးရရှိရန် ကျန်ရှိပါတယ်။ ကျေးရွာများအနေဖြင့် ၂၁၂၆ ရွာ ရှိသည့်အနက် ၁၃၀၄ ရွာမီးရရှိပြီး ၈၂၂ ရွာ ကျန်ရှိနေပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးတွင် ၂၃၀ ကေဗွီဓာတ်အားခွဲရုံ(၉)ရုံ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ (၃၄)ရုံ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ (၇၅၀)ရုံ၊ ၁၁ ကေဗွီဓာတ်အားခွဲရုံ(၉၀၈၃)ရုံ၊ ၆.၆ ကေဗွီ ဓာတ်အားခွဲရုံ (၃၄၈၂)ရုံ တို့ဖြင့် ဓာတ်အားဖြန့်ဖြူးထားပြီးဖြစ်ပါတယ်။ လက်ရှိတွင် ဓာတ်အားသုံးစွဲမှုမှာ ၁၃၅၁ မဂ္ဂါဝပ်ရှိပါ တယ်။ ဓာတ်အားသုံးစွဲသူအနေဖြင့် အိမ်သုံး (၅၀ %)၊ စက်မှုနှင့်စီးပွားရေးသုံး (၃၄ %)၊ လမ်းမီးနှင့်အခြား(၁၆ %)ရှိပါတယ်။

                        မန္တလေးတိုင်းဒေသကြီးမှာ မီးသုံးစွဲသူ အိမ်ထောင်စု ၁.၃၂ သန်း အနက် ၀.၇ သန်း မီးရရှိပြီး ၀.၆၂ သန်း မီးရရှိရန် ကျန်ရှိပါတယ်။ ကျေးရွာများအနေဖြင့် ၄၈၀၇ ရွာ ရှိသည့်အနက် ၃၇၂၄ ရွာမီးရရှိပြီး ၁၀၈၃ ရွာ ကျန်ရှိနေပါတယ်။ မန္တလေးတိုင်း ဒေသကြီးတွင် ၂၃၀ ကေဗွီဓာတ်အားခွဲရုံ(၆)ရုံ၊ ၁၃၂ ကေဗွီဓာတ်အားခွဲရုံ(၁၁)ရုံ၊ ၆၆ ကေဗွီဓာတ်အားခွဲရုံ (၂၁)ရုံ၊ ၃၃ ကေဗွီဓာတ်အားခွဲရုံ (၅၇၈)ရုံ၊ ၁၁ ကေဗွီဓာတ်အား ခွဲရုံ(၇၆၂၀)ရုံ၊ ၆.၆ ကေဗွီ ဓာတ်အားခွဲရုံ (၅၂)ရုံ တို့ဖြင့် ဓာတ်အားဖြန့်ဖြူးထားပြီး ဖြစ်ပါတယ်။ လက်ရှိတွင် ဓာတ်အားသုံးစွဲမှုမှာ ၅၅၁ မဂ္ဂါဝပ်ရှိပါတယ်။ ဓာတ်အား သုံးစွဲသူအနေဖြင့် ဓာတ်အားသုံးစွဲသူအနေဖြင့် အိမ်သုံး(၄၈%)၊ စက်မှုနှင့်စီးပွားရေး သုံး(၄၂%)၊ လမ်းမီးနှင့်အခြား (၁၀%) ရှိပါတယ်။

(မေး။    အခြားတိုင်းဒေသကြီးများနှင့်ပြည်နယ်များ၏ အခြေအနေများကိုလည်း သိရှိလိုပါ တယ်ရှင့်။

      ဖြေ     လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးမှာ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ စုစုပေါင်း (၁၆၃)ရုံ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ (၈၃၇)ရုံ၊ ၁၁ ကေဗွီ ဓာတ်အားခွဲရုံ (၁၉၇၉၉) ရုံ တည်ဆောက် ထားရှိပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်၊ လက်ရှိ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီး(၂)ခုမပါဝင်ဘဲ ကျန်ပြည်နယ်နှင့် တိုင်းဒေသများ၏ ဓာတ်အားသုံးစွဲမှုမှာ (၁၁၉၃) မဂ္ဂါဝပ်ခန့်အထိရှိပြီး နှစ်စဉ် ဓာတ်အားတိုးတက်သုံးစွဲမှုမှာ ပျမ်းမျှ (၁၅%) ခန့်ရှိပါတယ်၊ ဓာတ်အားစနစ်မှ ဖြန့်ဖြူးထားသည့် မြို့အနေဖြင့် (၂၆၉) မြို့၊ ဒီဇယ်၊ အသေးစားရေအားနှင့်အခြားစနစ်ဖြင့် ဖြန့်ဖြူးထားသည့်မြို့မှာ (၁၃၀)မြို့ ရှိပါတယ်၊ ကျေးရွာအနေဖြင့် ၅၆၈၀၄ ရွာတွင် ၂၇၂၀၀ ရွာ ဓာတ်အားရရှိပြီး ၂၉၆၀၄ ဓာတ်အား ရရှိရန် လိုအပ်ပါမည်။ ဓာတ်အားသုံးစွဲသူအနေဖြင့် အိမ်သုံး(၆၃%)၊ စက်မှုနှင့် စီးပွားရေးသုံး (၂၁%)၊ လမ်းမီးနှင့်အခြား (၁၆%) ရှိပါတယ်။

() မေး။    ဝေးလံတဲ့ဒေသတွေမှာ လျှပ်စစ်မီးဘယ်လိုပေးနေလဲ သိပါရစေ။

      ဖြေ။     ဓာတ်အားစနစ်ပြင်ပမှာ လျှပ်စစ်ဓာတ်အားကို အသေးစားရေအားလျှပ်စစ်စက်ရုံ(၃၂) ရုံ (၃၄.၁၇၄ မဂ္ဂါဝပ်)၊ ဒီဇယ်ဓာတ်အားပေးစက် ၆၀၆ လုံး (၈၇.၆၃၄ မဂ္ဂါဝပ်)နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေပါတယ်။

                        အခြားနည်းလမ်းတွေဖြစ်တဲ့   Solar Home စနစ်၊ စပါးခွံလောင်စာ၊ ဇီဝ လောင်စာနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ဓာတ်အားရယူခြင်းစတာတွေနဲ့လည်း လျှပ်စစ်ဓာတ်အားသုံးစွဲနေကြတာရှိပါတယ်။

()မေး။      လျှပ်စစ်ဓာတ်အားလိုအပ်ချက်တိုးတက်လာပြီး လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲ နိုင်ဖို့အတွက် ဘယ်လိုစီမံချက်တွေ ရေးဆွဲစီမံထားသလဲ သိလိုပါတယ်။

      ဖြေ။     Demand Forecast အရ ၂၀၁၈ ခုနှစ်မှာ ၃၅၈၇ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်မှာ ၄၀၃၂ မဂ္ဂါဝပ်၊ ၂၀၂၀ ပြည့်နှစ်မှာ ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၁ ခုနှစ်မှာ ၅၀၉၂ မဂ္ဂါဝပ်၊ ၂၀၂၂ ခုနှစ်မှာ ၅၇၂၇ မဂ္ဂါဝပ်ထိ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

                        လက်ရှိမှာ ၃၀၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တာကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် မတိုင်မီ မဂ္ဂါဝပ် ၃၀၀၀ ကျော် ထပ်မံထုတ်လုပ်ဖို့ လိုအပ်နေပါတယ်။ ဝန်ကြီးဌာန အနေနဲ့ရေအားစီမံကိန်း(အထက်ကျိုင်းတောင်း၊အထက်ရဲရွာ၊အလယ်ပေါင်းလောင်း၊ ဒီးဒုတ်)လေးခုမှ ၄၉၇ မဂ္ဂါဝပ်၊ ပြည်တွင်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်း[သာကေတ၊ သထုံ၊ မြင်းခြံ၊ ဘဲလင်းGEG ၊ မြန်အောင် GEG၊ ရွာမ(WB)]ခြောက်ခုက ၇၉၄ မဂ္ဂါဝပ်၊ LNG သုံးစီမံကိန်း(အလုံ၊ ကန်ပေါက်)နှစ်ခု က ၁၂၅၀ မဂ္ဂါဝပ်၊ HFO သုံးစီမံကိန်း [ရန်ကုန်(NIHC)၊ ရန်ကုန်(Karpower)] နှစ်ခုမှ ၆၀၀ မဂ္ဂါဝပ်နှင့် Solar စီမံကိန်း(မင်းဘူး)တစ်ခုက ၁၇၀ မဂ္ဂါဝပ်တို့နဲ့ စုစုပေါင်း ၃၃၁၁ မဂ္ဂါဝပ် ရရှိဖို့ စီမံလျာထားခဲ့ပါတယ်။

                             စီမံချက်အတိုင်း အကောင်အထည်ဖော်တည်ဆောက်နိုင်မယ်ဆိုရင် လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်မယ့်အပြင် ၂၀၂၁ မှာ ၄၂၈ မဂ္ဂါဝပ်၊ ၂၀၂၂ မှာ ၆၈၈ မဂ္ဂါဝပ် ခန့်ကို Reserve ထားရှိနိုင်မှာဖြစ်ပါတယ်။

() မေး။    ယခုလို တိုးတက်သုံးစွဲလာသည့် ဓာတ်အားများအတွက် ထုတ်လုပ်မှုအပိုင်းတွင် ယခုကဲ့သို့ စက်ရုံများ LNG စက်ရုံများ ဆောင်ရွက်ခဲ့မှုအခြေအနေအား သိရှိလိုပါ တယ်ရှင့်။

      ဖြေ     မိမိတို့ဝန်ကြီးဌာနတွင် ထုတ်လုပ်မှုအပိုင်း၌ ရင်းနှီးမြှပ်နှံဆောင်ရွက်လိုသော ကုမ္ပဏီ များဖြင့် Power Purchase  Agreement (PPA) များဆွေးနွေးခြင်း၊ Delivery​ဆွေးနွေးခြင်း၊ ထွက်ရှိလာသောဓာတ်အားကို ဖြန့်ဖြူးရန် ဓာတ်အားလိုင်းများ Transmission Line ပါဝင်မှုဆွေးနွေးခြင်း၊ ငွေပေးချေမှုစသည်တို့အား အဆင့်ဆင့် ဆွေးနွေး၍ နိုင်ငံ၏ဓာတ်အားလိုအပ်ချက် နိုင်ငံတော်၏မူဝါဒများဖြင့် ကိုက်ညီသည့် ယခု LNG စက်ရုံ(၄)ခုအား ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။

(၁၀)          မေး။  LNG စက်ရုံ()ရုံ အခြေအနေအား ရှင်းလင်းပြောကြားပေးစေလိုပါတယ်ရှင့်။

      ဖြေ     LNG စက်ရုံ (၄)ခုမှာ

                ()    တနင်္သာရီတိုင်းဒေသကြီး၊ ကန်ပေါက်ဒေသတွင် LNG သုံး စက်ရုံစီမံကိန်းမှာ TOTAL ကုမ္ပဏီ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစခန်းဧရိယာအတွင်းတွင် ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီနှင့် ဂျာမဏီနိုင်ငံ SIEMENS ကုမ္ပဏီတို့၏ ရင်းနှီးမြှပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ် ၊ ဓာတ်အားပေးစက်ရုံတွင်သုံး စွဲမည့် LNG ကို Floating Storage Regasification Unit (FSRU) ဖြင့် ဓာတ်အားပေးစက်ရုံသို့ ပိုက်လိုင်းဖြင့် သွယ်တန်းမည်ဖြစ်ပါတယ်၊ သဘာဝ ဓာတ်ငွေ့စက်ရုံမှာ Combined  Cycle Power Plant ဖြစ်ပြီး Gas Turbine (၂)လုံး (၄၁၀ မဂ္ဂါဝပ်) နှင့် Steam Turbine (၁)လုံး (၄၁၀ မဂ္ဂါဝပ်) ထွက်ရှိ မှာဖြစ်ပြီး ၅၀၀ ကေဗွီ ကံပေါက်- မော်လမြိုင်- ဘုရားကြီး ဓာတ်အားလိုင်း (၂၈၀ မိုင်)၊ ၅၀၀ကေဗွီ ဓာတ်အားခွဲရုံနှင့်  (FSRU) နှင့် သဘာဝဓာတ်ငွေ့ပိုက် လိုင်းများပါဝင်မည်ဖြစ်ပါတယ်။

                () ရန်ကုန်တိုင်းဒေသကြီး၊ အလုံတွင်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပိုင် ဓာတ်အားပေးစက်ရုံဝန်းအတွင်းမြေလွတ်ပေါ်တွင် (၃၅၆ မဂ္ဂါဝပ်) LNG သုံးဓာတ်အားပေးစက်ရုံကို TTCL Public Company Limited ၏ ရင်းနှီးမြှုပ်နှံမှုဖြင့်ဆောင်ရွက်မည်ဖြစ်ပါတယ်။ဓာတ်အားပေးစက်ရုံတွင် သုံးစွဲ မည့် LNG ကို Floating Storage Regasification Unit ဖြင့် ရန်ကုန်မြစ်ဝ သံလျင်တွင်ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့်သွယ်တန်းရန် စီစဉ်ထားပါတယ်။ အဆိုပါ ဓာတ်အားပေးစက်ရုံမှာ Gas Turbine(၂)လုံး(၁၁၇ မဂ္ဂါဝပ်) နှင့် Steam Turbine (၁)လုံး (၁၂၂ မဂ္ဂါဝပ်) အမျိုးအစား ဖြစ်ပြီး ထွက်ရှိလာမည့် ဓာတ်အားကို ၂၃၀ ကေဗွီ လှိုင်သာယာ-အလုံ ဓာတ်အားလိုင်းဖြင့် ဓာတ်အား စနစ်အတွင်းသို့ ဖြန့်ဖြူးသွားမည် ဖြစ်ပါ တယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၃၂၁)သန်း ဖြစ်ပါ တယ်။

                   (၃)     ဧရာဝတီတိုင်းဒေသကြီး၊ ရွှေသောင်ယံမြို့နယ်၊ မီးလောင်ဂျိုင့်ဒေသ ၁၃၉၀ မဂ္ဂါဝပ် LNG သုံးဓာတ်အားပေးစက်ရုံအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ Zhefu Holding Group Co., Ltd နှင့် မြန်မာနိုင်ငံ Supreme Trading Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ဓာတ်အား ပေးစက်ရုံတွင် သုံးစွဲမည့် LNG ကို Floating Storage Unit (FSU)Vessel ဖြင့် ၎င်းစက်ရုံအနီးတွင် ဆိုက်ကပ်ပြီး ပိုက်လိုင်းဖြင့် သွယ်တန်းရန် စီစဉ် ထားပါတယ်။

                            ဓာတ်အားပေးစက်ရုံမှာ ၂၂၅ မဂ္ဂါဝပ် Gas Turbine (၄)လုံး၊ ၂၄၅ မဂ္ဂါဝပ် Stream Turbine Generator(၂)လုံး၊ (Efficiency ၅၅.၂၃ %)ရှိပြီး ထွက်ရှိလာမည့် ဓာတ်အားကို  မီးလောင်ဂျိုင့်-လှိုင်သာယာ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း(၁၇၀)မိုင်နှင့် ဓာတ်အားခွဲရုံများကို Built & Transfer (BT)စနစ် အခြေခံ၍ ဆောင်ရွက်မှာဖြစ်ပါတယ်။ စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ (၂.၅၀၇)ဘီလီယံ ဖြစ်ပါတယ်။

                   (၄)     ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် လက်ရှိ ကျောက်ဖြူ Gas Engine စက်ရုံဝန်းအတွင်းတွင် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းကို တရုတ်နိုင်ငံ Sinohydro Corporation Limited(POWER CHINA)နှင့် မြန်မာနိုင်ငံ Supreme Trading Co., Ltd တို့၏ ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည်ဖြစ်ပါတယ်။ ရွှေသဘာဝ ဓာတ်ငွေ့ကိုအသုံးပြု၍ ဓာတ်အားထုတ်လုပ်သွားရန် ဖြစ်ပါတယ်။

                   ဓာတ်အားပေးစက်ရုံမှာ ၄၅ မဂ္ဂါဝပ် Gas Turbine (၂)လုံး၊ ၄၅ မဂ္ဂါဝပ် Stream Turbine Generator(၁)လုံး၊ (Efficiency ၅၅.၃၁ %)ရှိပြီး ထွက်ရှိလာမည့်ဓာတ်အားကို ၂၃၀ ကေဗွီ တောင်ကုတ်-မအီ-ကျောက်ဖြူ ဓာတ်အားလိုင်းနှင့် ခွဲရုံများမှတစ်ဆင့် ဖြန့်ဖြူးဆောင်ရွက်သွားပါမည်။

                             စီမံကိန်းရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ (၁၈၀)သန်း ဖြစ်ပါတယ်။

(၁၁)          မေး။  ယခုကဲ့သို့ ထုတ်လုပ်မှုအပိုင်းတွင် ဆောင်ရွက်သကဲ့သို့ အနာဂတ် ဓာတ်အား သယ်ယူ ဖြန့်ဖြူးနိုင်ရန်အတွက် ဓာတ်အားလိုင်းများ ဆောင်ရွက်မည့်အခြေ အနေကို လည်း သိရှိလိုပါတယ်။

       ဖြေ။      ဓာတ်အားလိုင်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် Southern, Northern, Western and Eastern Grid များ ပိုင်းခြား၍ ဆောင်ရွက်လျက်ရှိပါတယ်။ Northern Grid အပိုင်းတွင် ၅၀၀ ကေဗွီ ဝိုင်းမော်- နဘား- မိတ္ထီလာ ဓာတ်အားလိုင်းနှင့် ၅၀၀ ကေဗွီ ဓာတ်အားခွဲရုံများ၊ Southern Grid တွင် ၅၀၀ ကေဗွီ ကံပေါက်- မော်လမြိုင်-ဘုရားကြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၊ Eastern Grid တွင် ၅၀၀ ကေဗွီ မူဆယ်- မိုင်းရယ်- လွိုင်ကော်- ဘုရားကြီး- ရန်ကုန် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ၊ Western Grid ၅၀၀ ကေဗွီ တမူး-  ညောင်ပင်ကြီး- ဟင်္သာတ- ရန်ကုန် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ များ ဆောင်ရွက်ရန်  စီမံထားရှိပါတယ်၊

(၁၂)          မေး။  ယခုကဲ့သို့ ဆောင်ရွက်မှုကြောင့်  အကျိုးကျေးဇူးသက်ရောက်မှုများကိုလည်း သိရှိလို ပါတယ်။

       ဖြေ။     အဆိုပါ ဓာတ်အားလိုင်းနှင့်    ဓာတ်အားခွဲရုံများတိုးချဲ့ ဆောင်ရွက်မှုကြောင့် အထူး စီးပွားရေးဇုန်များဖြစ်သည့်  ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ်၊ မူဆယ် တို့နှင့် နိုင်ငံအတွင်း ခရီးသွားဒေသများဖြစ်သည့် (ပုဂံ၊ အင်းလေး၊ ညောင်ဦး၊ မန္တလေး) တို့အတွက် အထောက်အကူဖြစ်ရုံမျှမက စီးပွားရေးစင်္ကြန်ဖြစ်သည့် တရုတ်နိုင်ငံမှ ဆောင်ရွက်မည့် One-Belt-One-Road စီမံကိန်း၊ Trilateral(India-Myanmar-Thailand) မဟာမဲခေါင်ဒေသခွဲ (Greater-Mekong Sub-Region)၊ အရှေ့ အနောက်စီးပွားရေးစင်္ကြန် (East West Economic Corridor) တို့အတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ဒါအပြင် Cross Border Power Trading ဖြစ်ရန် အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်​ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။

(၁၃)မေး။     ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများအတွင်း ဓာတ်အားတိုးတက်ဖြန့်ဖြူး နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိလိုပါသည်။

      ဖြေ။     လက်ရှိတွင် ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများတွင် ဓာတ်အားဖြန့်ဖြူး နိုင်ရန် အတွက် ထရန်စဖော်မာများထပ်မံတိုးချဲ့ တပ်ဆင်ခြင်း၊ ဓာတ်အားလိုင်း ကြိုးသစ် များလဲလှယ်တပ်ဆင်ပေးခြင်း၊ ဓာတ်အားလိုင်းကြိုးများ ရှည်လျားနေမှုအတွက် ဓာတ်အားသုံးစွဲသူများအား အခြားထရန်စဖော်မာများတွင် ရွှေ့ပြောင်းပေးခြင်း (Load Share  ပြုလုပ်ခြင်း)၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ရှုပ်ထွေး ဆားဗစ်ဝါယာများ ရှင်းလင်းခြင်း၊ ဗို့အားနှင့် ဝန်အားမပြည့်မီသည့် နေရာများတွင် ထရန်စဖော်မာများ တိုးချဲ့တပ်ဆင်ပေးခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဒါ့အပြင် ဓာတ်အားပြတ်တောက်မှု များကို အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် Call Center များထားရှိဆောင်ရွက် ဖြေရှင်းလျက်ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်း အနေဖြင့် နိုင်ငံတော်မှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်း၊ ဂျပန်ချေးငွေ (JICA) ၊ World Bank Loan (NEP Plan) ၊ ADB Loan တို့ဖြင့် ဆောင်ရွက်ထားရှိပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ရန်ကုန်မြို့တွင် ကျေးရွာ(၂၀၆)၊ မီးသုံးစွဲသူ(၂၃၆၀၃)ဦး နှင့် မန္တလေးတိုင်းဒေသကြီးတွင် ကျေးရွာ(၃၉၃)ရွာ၊ မီးသုံးစွဲသူ(၇၉၄၄၅)ဦးတို့အား တိုးတက်ဖြန့်ဖြူးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။

(၁၄)          မေး။  Mini Source များဖြင့် ဆောင်ရွက်နေမှုများနှင့် ထုတ်လုပ်မှုအပိုင်းတွင် အခြား စွမ်းအင်များဖြင့် ဆောင်ရွက်နေမှုအခြေအနေကိုလည်း သိရှိလိုပါတယ်ရှင့်။

      ဖြေ။     National Grid နှင့် အလှမ်းကွာဝေးသည့် နေရာများဖြစ်သည့် ကချင် ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ၃.၂ မဂ္ဂါဝပ် အထက်နမ့်ထွမ် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းတွင်လည်း ၅ မဂ္ဂါဝပ်ထွက်ရှိမည့် Solar Power Plant ကိုလည်း Posco Daewoo မှ စူးစမ်းဆောင်ရွက်မှုများ ဆောင်ရွက်ထားပါတယ်။ အခြား ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးတွင်လည်း အသေးစားရေအား လျှပ်စစ်ဓာတ် အားပေးစက်ရုံ(၃၂)ရုံ စီမံကိန်းများ၊ Solar Power Plan များဖြင့် ထုတ်လုပ်၍ Mini Grid များတည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။

                   Renewable Energy အပိုင်းတွင် နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံများအနေ ဖြင့် မင်းဘူး(၂၂၀ မဂ္ဂါဝပ်)နှင့် ဝမ်းတွင်း(၃၀၀ မဂ္ဂါဝပ်)တို့တွင်  တည်ဆောက် ဆောင်ရွက်လျက်ရှိပြီး စူးစမ်းလေ့လာမှုများအနေဖြင့် Geothermal ၊ Ocean Energy ဖြစ်ကာ Tidal Energy ကို ဆောင်ရွက်လျက်ရှိပါတယ်။

(၁၅)မေး။    ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဖြည့်စွက်ပြောကြားလိုတာရှိရင်လည်း ပြောကြား ပေးပါ။

      ဖြေ။     ကျွန်တော်တို့က တိုင်းပြည်တိုးတက်ဖွံ့ဖြိုးစေချင်တယ်။ တစ်ဖက်ကလည်းလမ်းပန်း ဆက်သွယ်ရေးပေါ့၊ နိုင်ငံတော်အစိုးရက ချမှတ်ပေးထားတဲ့ မူဝါဒနဲ့တော်တော် များများကတော့ လမ်းပန်းဆက်သွယ်ရေးပိုင်းမှာလည်း ဆောင်ရွက်ခဲ့တယ်။ ပထမ နှစ်နှစ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးလုပ်ခဲ့တဲ့အတွက် အဲဒီဘက် မှာ အခြေအနေတစ်ခုတော့ရောက်သွားပြီ၊ နောက်    တစ်ဆင့်လုပ်ဖို့လိုတာက လျှပ်စစ် ကဏ္ဍပေါ့၊ လမ်းပန်းဆက်သွယ်ရေးကောင်းလာသလို လျှပ်စစ်ကောင်းဖို့ လိုပါတယ်။ လျှပ်စစ်ကောင်းတယ်ဆိုတာကတော့ နံပါတ်တစ်က ပြည်သူလူထု လိုချင်တဲ့အချိန်မှာ ရရမယ်။လျှောက်လွှာတွေနဲ့ခက်ခက်ခဲခဲကြီးမဖြစ်စေရဘူး။ ပြည်သူလူထုကို လျှပ်စစ် ကိုဖူဖူလုံလုံပေးချင်တယ်။

                          တွက်ကြည့်လိုက်တော့ နောက်ထပ်မဂ္ဂါဝပ် ၃၀၀၀ လိုတယ်။ LNG Four Project ကလည်း ၃၀၀၀၊ အချိန်တိုအတွင်းအရှည်ကြီးတွေ လုပ်နေတာတော့ တစ်ပိုင်းပေါ့၊ အချိန်တိုအတွင်းမှာဆိုရင် ၃၀၀၀ လောက်တော့ရသွားမယ်။ ၃၀၀၀ လောက်ရသွားရင်တော့ ကျွန်တော်တို့တိုင်းပြည်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ လုပ်လာ တာ အခုမဂ္ဂါဝပ် ၄၀၀၀ ၊ ၅၀၀၀ လောက်ပဲရတယ်။ အခု နှစ်နှစ်ခွဲ၊ သုံးနှစ် လောက်လုပ်လိုက်ရင် နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ရမယ်ဆိုရင်တော့ လျှပ်စစ်နဲ့ ပတ်သက်လို့ Supply Side ကတော့ ဖူလုံသွားပြီ၊ Transmission အပိုင်းကတော့ Northern ,Southern, Eastern နဲ့ Western Grid ဒါတွေကို နှစ်နှစ်ခွဲအတွင်း ဆောင်ရွက်လိုက်မယ်ဆိုရင် ဒီအပိုင်း ကျွန်တော်တို့ တော်တော် စိတ်ချသွားရပြီ။

                             ကျန်တာကတော့ Distribution ​ပေါ့၊ Distribution ​ဆိုတာကတော့ ရန်ကုန်နဲ့ မန္တလေးတို့လိုမြို့ကြီးတွေမှာ ဖြန့်ဖြူးတဲ့နေရာမှာပိုပြီးတော့ Smart Technology သုံးဖို့လိုလာတယ်။ နောက်ပြီးတော့ မီတာစနစ်တွေပေါ့၊ မီတာစနစ် တွေကလည်း Smart Meter ​တွေ၊ လူကဖတ်တာနဲ့စာရင် စနစ်နဲ့ဒါတွေကို အငြင်းပွားစရာမရှိအောင်၊ သံသယမရှိအောင် ဆက်လက်ပြီးဆောင်ရွက်နေပါတယ်။ နောက်တစ်ခုက မီတာစနစ်ကိုလည်း ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁)ရက်ကစပြီး လူထုတွေ တကယ်သုံးစွဲနိုင်တဲ့ မီတာအဆင့်အမျိုးမျိုးပေါ့၊ ဒါလည်း Four Meter System လို့ခေါ်တယ်၊ မီတာလေးမျိုးပေါ့၊ အရင်တုန်းကတော့မရှိဘူး၊ မီတာ တစ်မျိုးပဲ ရှိတယ်။ ရွာလည်း ဒီမီတာ၊ မြို့လည်းဒီမီတာပဲ အကုန်လုံးက ဒီမီတာပဲ ဆိုတော့ ဈေးကြီးတာပေါ့၊ လူထုကသိပ်မတတ်နိုင်ဘူး၊ မလိုဘဲနဲ့လည်း မီတာကြီး တွေတပ်ပြီး ဈေးကြီးတွေပေးနေရတာပေါ့။

                             ကျွန်တော်တို့က Four Meter System ဆိုပြီးလုပ်လိုက်တယ်။ ကျေးလက် နဲ့စပြီး လျှပ်စစ်သုံးတဲ့သူတွေအတွက်က ဈေးချိုတဲ့မီတာ၊ ဈေးချိုပေမယ့် သတ်မှတ် ထားတဲ့စံချိန်စံညွှန်းတွေ အကုန်ကိုက်ရတာပေါ့၊ ဒီလိုမီတာတွေပါတယ်။ မြို့ငယ် လေးတွေလည်းအိမ်သုံးလောက်ပဲလုပ်တယ်။ မြို့ကြီးတွေကျတော့ အဲကွန်းတို့၊ စက်မှု သုံးတို့ ဧပြီလ ၁ ရက် ၂၀၁၈ ကနေစပြီးတော့ Four Meter System လုပ်မယ်၊ လူထုမှာရွေးချယ်စရာရှိတယ်။ လေးမျိုးရှိတဲ့အထဲက ကြိုက်နှစ်သက်ရာ သုံးလို့ရ တယ်၊ ရွေးချယ်ခွင့်ရှိတယ်။ ဈေးလည်းတော်တော်သက်သာသွားမယ်။ ဆိုလိုတာ ကတော့ နှစ်သောင်းခွဲ၊ သုံးသောင်းဝန်းကျင်လောက်ပေါ့၊ လူထုအတွက် မီတာနဲ့ ပတ်သက်လို့အတော်လေး အဆင်ပြေသွားမယ်။

                             မြို့နေလူတွေကျတော့ ကျွန်တော်တို့အခုသုံးတဲ့မီတာရဲ့ အရည်အသွေးတွေ ကလည်း Radio Frequency ကို သုံးနိုင်တဲ့ဟာတွေ တဖြည်းဖြည်းပြောင်း သွားတာပေါ့၊ အရင်အဟောင်းတွေလည်း ကျန်သေးတယ်၊ ချက်ချင်းတော့မရဘူး၊ (၂)နှစ်(၃)နှစ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ မီတာတွေလည်း လဲပေးသွားမှာပါ။ လူထုကလည်း သူသုံးသလောက်သူသိမှာပေါ့၊ အခုနပြောတဲ့သံသယတွေမရှိတော့ ဘူးပေါ့၊ ပြည်သူလူထုကို ဝန်ဆောင်မှုကောင်းကောင်းပေးချင်တယ်။ ပြည်သူလူထု သိသင့် သိထိုက်တာက ခလုတ်ဖွင့်ရင်မီးလာမယ်၊ ဒါပဲသိသင့်တယ်၊ ကျန်တာ သိနေရင် ကျွန်တော်တို့ဘက်က တစ်ခုခုအားနည်းနေလို့ပါ။ အခုကျွန်တော်တို့သွား နေတဲ့ပုံစံက လူထုကမီးဖွင့်ရင်မီးလာမယ်။ ကျသင့်အခါပေးရုံပဲ၊ ရတဲ့မီးကလည်း အရည်အသွေးရှိတဲ့ လျှပ်စစ်မီးဖြစ်ရမယ်။ ငြိမ်ရမယ်၊ Voltage ​တွေမှန်ရမယ်၊ Frequency တွေမှန်ရမယ်။

                             ရင်းနှီးမြှုပ်နှံသူတွေကျတော့လည်း ဒါကိုကြည့်ပါတယ်။ တိုင်းပြည်မှာရင်းနှီး မြှုပ်နှံမယ်ဆိုရင် ပထမမေးခွန်းကတော့ဒီမေးခွန်းပဲ၊ အရင်တုန်းက ဒီမေးခွန်းကို မဖြေနိုင်ခဲ့ဘူး၊ အခုတော့ကျွန်တော်တို့ဖြေနိုင်ပါတယ်၊ ရင်းနှီးမြှုပ်နှံသူတွေ လာပြီး မေးရင် ရင်းနှီးမြှပ်နှံသူတို့လည်းစပြီးရင်းနှီးပါ၊ မြှုပ်နှံပါ၊ ရင်းနှီးမြှုပ်နှံသူတို့ ရင်းနှီး မြှပ်နှံတဲ့အချိန် ၂၀၂၀ ဝန်းကျင်လောက်ကျရင် ကျွန်တော်တို့ဘက်ကလည်း လျှပ်စစ် ကရင်းနှီးမြှုပ်နှံသူတွေလိုချင်တဲ့ Reliable ဖြစ်တဲ့၊ အရည်အသွေးရှိတဲ့ လျှပ်စစ်မျိုး ကျွန်တော်တို့ဘက်လည်း တာဝန်ယူပါတယ်။ လုပ်ပေးနိုင်ပါတယ်လို့ စပြောနိုင်တဲ့ အချိန်၊ နေ့လေးတစ်ခုတော့ရောက်သွားပြီလို့ ပြောချင်ပါတယ်။

Post under by : ဝန်ကြီးရုံး
31-Jan-2018