နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ( ၃၁) ရက်
မြန်မာ့ရိုးရာအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်းများအချင်းချင်း စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်ရည်ရွယ်၍ လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဒုတိယအကြိမ်မြောက် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ် (၂၇)၊ နေပြည်တော်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများ၊ ပြိုင်ပွဲဝင် အသင်းသူ/အသင်းသားများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ၏ ပျော်ရွှင်စွာ ထမနဲထိုး ယှဉ်ပြိုင်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ ဆုရရှိသော ပြိုင်ပွဲဝင်အသင်း များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပါသည်။