The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တနင်္သာရီတိုင်း​ဒေသကြီးအတွင်း

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများအား ကြည့်ရှုစစ်​ဆေးသည့်သတင်း

၂၀၁၈ ခုနှစ်၊ ​ဖေဖော်ဝါရီလ  ၁၈  ရက်     

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည်  ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ​ေဖ​ေဖာ်ဝါရီလ ၁၇ ရက်​နေ့တွင်      တနင်္သာရီတိုင်း​ဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့သို့ ရောက်ရှိပြီး ​ဆောက်လုပ်​ရေးဝန်ကြီးဌာန၊ ရိပ်သာတွင်  တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ေဒါက်တာလဲ့လဲ့​မော်၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး တိုင်း​ဒေသကြီးအတွင်း ဆောင်ရွက်မည့်  လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဆိုင်ရာ ဖွံဖြိုးတိုးတက်​ရေးလုပ်ငန်းများနှင့်ပတ်သတ်၍ ​ဆွေးနွေးပြောကြားရာတွင် မြိတ်​ဒေသ တွင် စီးပွား​ရေးလုပ်ငန်းများ​ဆောင်ရွက်ရန် အခွင့်အလမ်းများရှိ​သော်လည်း လျှပ်စစ်မီးမရရှိသည့် အတွက် လုပ်ငန်းများမ​ဆောင်ရွက်နိုင်ကြောင်း၊ စီပွား​ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လမ်းပန်း ဆက်သွယ်​ရေး ​ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိ​ရေးသည် အ​ရေးကြီးပါ​ကြောင်း၊ လျှပ်စစ်မီးမရရှိ၍ ​ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရပါကြောင်း၊ ထို့​ကြောင့် မြိတ်​ဒေသကို နိုင်ငံ​တော် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုနိုင်​အောင် ​ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများကို တည်ဆောက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိလာပါက စီပွား​ရေးလုပ်ငန်များလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်​ကြောင်း၊ ​သို့မှသာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်လာ ဖြစ်ပါ​ကြောင်း၊  ထို့​ကြောင့် တနင်္သာရီတိုင်း​ဒေသကြီးအ​နေဖြင့် နိုင်ငံ​တော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားအမြန်ဆုံးရရှိပြီး အသုံးပြုနိုင်​ရေး ကြိုးပမ်း​ဆောင်ရွက်​ပေးသွားမည်ဖြစ်ပါ​ကြောင်း ​ပြောကြားပါသည်။

        တနင်္သာရီတိုင်း​ဒေသကြီး ဝန်ကြီးချုပ်​ဒေါက်တာလဲ့လဲ့​မော်မှ မိမိတို့ တိုင်း​ဒေသကြီးမှ ​ဒေသခံပြည်သူများအ​နေဖြင့် အခြားတိုင်း​ဒေသကြီးနှင့် ပြည်နယ်များကဲ့သို့ နိုင်ငံ​တော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားမရရှိသည့်အတွက် ဓာတ်အားခကို ​စျေးနှုန်းကြီးမြင့်စွာ​ပေးပြီး သုံးစွဲ​နေရပါကြောင်း၊ သို့ဖြစ်၍ နိုင်ငံ​တောင်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအသုံးပြုနိုင်​ရေးအတွက် တိုင်း​ဒေသ ကြီးအစိုးရအဖွဲ့အ​နေဖြင့် အစွမ်းကုန်ဝိုင်းဝန်းပူး​ပေါင်း ကူညီ​ဆောင်ရွက်​ပေးသွားမည်ဖြစ်​​ကြောင်းပြန်လည်ဟောကြားခဲ့ပြီး ဝန်ကြီးချုပ်မှသိရှိလိုသည်များကို ​မေးမြန်းရာ ဌာနအလိုက် ညွှန်ကြား​ရေးမှူးချုပ်၊ ဦး​ဆောင်ညွှန်ကြား​ရေးမှူးနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးမှဖြည်စွက်ရှင်းလင်းပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း​ဒေသကြီးဝန်ကြီးချုပ်တို့မှ လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။

        လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည်  ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ​ဖေဖော်ဝါရီလ ၁၈ ရက်​နေ့နံနက်ပိုင်းတွင်      တနင်္သာရီတိုင်း​ဒေသကြီး၊ မြိတ်ခရိုင်၊​ ကျွန်းစုမြို့နယ်၊ ကပ​ကျေးရွာအနီးတွင် မြိတ်အများပိုင်ကုမ္ပဏီနှင့်  ကိုးရီးယားနိုင်ငံ KMPI  ကုမ္ပဏီတို့ ပူး​ပေါင်းဆောင်ရွက်မည့် (၆၁၀)မဂ္ဂါဝပ် LNG ဓာတ်အား​ပေးစက်ရုံ တည်​ဆောက်နိုင်ရေးနှင့် ပတ်သတ်၍ ရှင်းလင်တင်ပြခြင်း အခမ်းအနားကို တက်ရောက်ပါသည်။

        ​ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား      မြိတ်အများပိုင်​ကော်ပိုရေးရှင်းလီမီတက် ဥက္ကဌ ဦးလှသန်း ဓာတ်အား​ပေးစက်ရုံစီမံကိန်း​ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း​ကောင်း၊ SIEMENS မှ တာဝန်ရှိသူက ဓာတ်အား​ပေးစက်ရုံတွင် တပ်ဆင်အသုံးပြုမည့် ဓာတ်အား​ပေးစက်များနှင့် ပတ်သတ်၍လည်း​ကောင်း၊ ခင်​မောင်ညွန့် ကုမ္ပဏီမှ တာဝန်ရှိသူက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်​ဆောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အ​ခြေအန်များကိုလည်း​ကောင်း အသီးသီး ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအ​ပေါ် ပြည်ထောင်စုဝန်ကြီးမှ သိရှိလိုသည်များကိုမေးမြန်ခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားကာ အဆိုပါစီမံကိန်းတည်​ဆောက်မည့်​နေရာမှ ​ဒေသခံပြည်သူများအားတွေ့ဆုံပြီး ရင်းရင်နှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။

        အဆိုပါ  (၆၁၀)မဂ္ဂါဝပ် LNG ဓာတ်အား​ပေးစက်ရုံကို တနင်္သာရီတိုင်း​ဒေသကြီး၊ မြိတ်ခရိုင်၊​ ကျွန်းစုမြို့နယ်၊ ကပ​ကျေးရွာအနီးတွင် မြိတ်အများပိုင်ကုမ္ပဏီနှင့်  ကိုးရီးယားနိုင်ငံ KMPI  ကုမ္ပဏီတို့ ပူး​ပေါင်း​ဆောင်ရွက်သွားမည်ဖြစ်ပြီး လျှပ်စစ်ကိုအ​ခြေခံသော စက်ရုံ၊အလုပ်ရုံများ​ပေါ်ပေါက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ​ပေါ်ပေါက်ရေး၊ ​ဒေသခံပြည်သူများ ဓာတ်အားကို ​စျေးနှုန်း သက်သာစွာ သုံးစွဲနိုင်​ရေးနှင့် တိုင်း​ဒေသကြီးအတွင်း အသုံးပြုပြီးပိုလျှံ​သော လျှပ်စစ်ဓာတ်အားကို နိုင်ငံ​တော်ဓာတ်အားစနစ်သို့ ချိတ်ဆက်တင်ပို့ ​ရောင်းချသွားနိုင်ရေး ဟူ​သောရည်ရွက်ချက်များဖြင့် အ​ကောင်အထည်ဖော် ​ဆောင်ရွက်သွားမည်ဖြစ်​ပါသည်။

Post under by : ဝန်ကြီးရုံး
18-Feb-2018