လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့်ပတ်သက်၍ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း
ရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့်
ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည့် သတင်း
နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၂၄ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ၀၉:၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
အဆိုပါညှိနှိုင်းဆွေးနွေးပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာ နိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်း၊ ညီနောင်အသင်းများမှ ဥက္ကဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများ၊ စက်မှုဇုန် များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြ ပါသည်။
ရှေးဦးစွာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးကျင်းပရခြင်းသည် တိုင်းပြည်အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတွင် စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစားနှင့်အလတ်စားစက်မှုလက်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လာရေးတို့အတွက် စက်မှုဇုန်မှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာပုဂ္ဂိုလ် များနှင့် အသင်းအဖွဲ့များ၊ အစိုးရဌာနများအားလုံးနှင့် ယနေ့စုစုစည်းစည်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးတွင် ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး သို့ ကြွရောက်လာသည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ၊ စက်မှုဇုန်နှင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခု အစည်းအဝေးအား အလေးထားဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအကြီးအကဲများမှ ပါဝင် တက်ရောက်နေခြင်း ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးမှ ရလာဒ်ကောင်းများရရှိလာမည်ဟု ယုံကြည်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အချိန်အတိုင်းအတာတစ်ခုအတွင်း အတတ်နိုင်ဆုံးပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၊ တိုင်းသူပြည်သားများ၊ ဒေသတွင်းရင်းနှီးမြှုပ်နှံ မည့်သူများ၏ လိုလားချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းကောင်းများရှာဖွေဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ယနေ့အစည်းအဝေးကို ကျင်းပဆောင်ရွက် မည်ဖြစ်ကြောင်း၊ ယနေ့နိုင်ငံတော်၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအား တင်ပြရလျှင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံတော်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလက်ရှိပမာဏမှ (၂)ဆတိုးထုတ်လုပ်နိုင်ရေး အတွက် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ (၃၀၀၀)မဂ္ဂါဝပ်မှ နောက်ထပ် ( ၃၀၀၀ )မဂ္ဂါဝပ်အား (၃)နှစ်အတွင်း တိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက် များစွာဖြင့် နေထိုင်ခဲ့သောကာလမှာ များစွာကြာပြီဖြစ်ပါကြောင်း၊ သို့ပါ၍ (၃၀.၁.၂၀၁၈)ရက်နေ့ တွင် နောက်ထပ်လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၀၀၀)မဂ္ဂါဝပ်အား (၃)နှစ်အတွင်း ထုတ်လုပ်နိုင်ရေး စတင်ဆောင်ရွက်ရန် အသိပေးပြောကြားခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်းများနှင့်အတူ လျှပ်စစ် ဓာတ်အားပို့လွှတ်နိုင်ရေးအတွက် ဓာတ်အားလိုင်းအသစ်များအား (500)kV စနစ်များဖြင့် စတင် တည်ဆောက်ရန် စီစဉ်ခဲ့ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းပြည်၏ ဘဏ္ဍာငွေအပေါ် မှီခိုဆောင်ရွက်ခြင်းမပြုဘဲ Private Sector က တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒ၊ ဥပဒေစည်းမျဉ်းများနှင့်အညီ Private မှ ဓာတ်အားလိုင်းများတည်ဆောက်ပြီးစီးပါက ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးကဏ္ဍကို ပုဂ္ဂလိကအနေဖြင့် Build and Transfer ဖြင့် ဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ဘဏ်၏ နည်းပညာပံ့ပိုးမှုများဖြင့် အနာဂတ်တွင် ဆောင်ရွက်မည့် LNG Project များဖြင့် တည်နေရာ(၅)နေရာအား နိုင်ငံတော်အနေဖြင့် ဗျူဟာကျသော စီမံချက်ဖြင့် ရွေးချယ်ခဲ့ပါကြောင်း၊ အဆိုပါ(၅)နေရာအနက် LNG Project ဆောင်ရွက်ရန် (၂) နေရာအားစတင်ရွေးချယ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Southern Grid အတွက် အဆင်ပြေမည့်ယခင်တည်ဆောက်ခဲ့ပြီးသော အခြေခံအဆောက်အအုံများရှိသည့် နိုင်ငံ၏ တောင်ပိုင်းထားဝယ်ကန်ပေါက်ဒေသတွင် အကောင်အထည်ဖော်တည်ဆောက်သွားမည် ဖြစ်ပါ ကြောင်း၊ အဆိုပါဒေသအနီးရှိ ကမ်းလွန်လုပ်ကွက်များတွင်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေ ဖော်ထုတ်နိုင်မှုအခွင့်အလမ်းများရှိပြီး ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးနိုင်ချိန်တွင် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ကိုသာ ဦးစားပေးအသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ဒုတိယစီမံကိန်း အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မီးလောင်ဂျိုင့်ဒေသကို ရွေးချယ်ရခြင်းမှာ အဆိုပါဒေသ၏ အနောက်ဘက်ရေနံနှင့် သဘာဝဓာတ်ငွေ့ကမ်းလွန်လုပ်ကွက်များသည် National Gas Potential များစွာ ကောင်းသော လုပ်ကွက်များနှင့် နီးကပ်သော စီမံကိန်းအရပ်ဒေသဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ အချက်အလက်များကို စဉ်းစား၍ ဒုတိယစီမံကိန်းဆောင်ရွက်ရန် သတ်မှတ်ခြင်းဖြစ် ပါကြောင်း၊ ယနေ့ဓာတ်အားလိုအပ်ချက်ကြောင့် Medium Term ကာလတိုအနေဖြင့် LNG တင်သွင်းအသုံးပြု မည်ဖြစ်သော်လည်း ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် အချိန်ကာလတွင် ပြည်တွင်းသဘာဝဓာတ်ငွေ့ကိုသာ ဦးစားပေးအသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ် တွင် ပြည်တွင်းမှ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ကျဆင်းလာချိန်တွင် စုစုပေါင်း (၆၀၀၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး အချိန်ကာလအရ တပြိုင်နက်တည်းစီမံဆောင်ရွက်ရန် ပြင်ဆင် ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများ ထုတ်လုပ်နိုင်သည့် အရင်းအမြစ်များ နိုင်ငံတော်တွင် များစွာရှိပါကြောင်း၊ ယခင်သဘောတူချုပ်ဆိုခဲ့သော MOU များအရ Install Capacity (၄၈၀၀၀)မဂ္ဂါဝပ်ရှိသည်ဟု ဖော်ပြနိုင်သော်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အရ ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် ရေအားလျှပ်စစ်စီမံကိန်းများအား စနစ်တကျဆောင်ရွက်ရန် စီစဉ်လျက်ရှိ ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အနှောင့်အယှက်အတားအဆီးများ ပေါ်ပေါက်လာသည်ကို သတိထားရန် အရေးကြီးပါကြောင်း၊ သဘာဝသယံဇာတများဖြင့် Renewable Energy Resources များအား သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း၊ ဒေသပထဝီအနေအထားများအရ Solar Energy ဆောင်ရွက်ရန် သင့်တော်သောနေရာဒေသများကို လေ့လာရွေးချယ် ထားပါကြောင်း၊ ထို့အပြင် Wind Energy Resources များမှ လေအားလျှပ်စစ်ထုတ်လုပ်မှုနေရာ များကို စနစ်တကျလေ့လာသုံးသပ်၍ Wind Mapping and Potential များ လေ့လာတိုင်းတာရန် ဒိန်းမတ်နိုင်ငံအစိုးရနှင့် ပူးပေါင်း၍ MOU အား ရေးထိုးခဲ့ပြီးစတင်ဆောင်ရွက်တော့မည်ဖြစ်ပါ ကြောင်း၊ ထို့အတူ ကမ်းရိုးတန်းဒေသများတွင်လည်း Small Tidal Plan များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် လေ့လာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Mini and Micro Hydro များမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုဖြစ်နိုင်ခြေရှိသော အရပ်ဒေသများကိုလည်း စူးစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေး အိမ်သုံးနှင့်အသေးစား၊ အလတ် စား၊ အကြီးစားစက်မှုလုပ်ငန်းများအားလုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် Link Area များ သတ်မှတ်ဆောင်ရွက်မှုအား ကာလတိုအနေဖြင့် စီမံဆောင်ရွက်လျှက်ရှိပါကြောင်း၊ လျှပ်စစ် ဓာတ်အားနှင့်လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေးအား Master Plan မဟာစီမံကိန်းအား တစ်ပြိုင် နက်တည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းကဏ္ဍနှစ်ရပ်လုံးအတွက် ၂၀၂၀ စီမံချက်နှင့် ၂၀၂၅ စီမံချက်များအား နိုင်ငံတော်သို့ တင်ပြအတည်ပြုဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဇုန်များ အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားများကို Phase by Phase အဆင့်ဆင့်ဖြင့် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊ ယနေ့တင်ပြဆွေးနွေးမှုများအရလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေးအပိုင်းတွင် (၆၀%)သော ကျေးလက်နေ ပြည်သူများအား လျှပ်စစ် ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် Grid Extension ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ခြင်း၊ Mini and Micro Hydro, Tidal Plan စသည်တို့အား သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိကလျှပ်စစ်ဓာတ်အားလိုအပ်မှုမှာ နိုင်ငံ၏ (၄၀%)ဖြစ်ပြီး အဆိုပါ အရပ်ဒေသများတွင် လူဦးရေထူထပ်ခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ များပြားခြင်း၊ စီးပွားရေး ဒေသများဖြစ်ခြင်းတို့ကြောင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်သည့် အဆိုပါ ဒေသများအတွက် တိုးမြှင့်လိုအပ်လာမည့် လျှပ်စစ်ဓာတ်အားကိုဖြန့်ဖြူးနိုင်ရေးအတွက် အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဌ ဒေါက်တာအောင်သိန်း တို့မှ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များ တင်ပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီမှ တာဝန်ရှိ သူများမှ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်း ကောင်း၊ စက်မှုဇုန်များရှိ တာဝန်ရှိသူများမှ လျှပ်စစ် နှင့်စွမ်းအင်ဆိုင်ရာ လိုအပ်ချက်များအား လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ စက်မှုဇုန်များအလိုက် ဓာတ်အားသုံးစွဲမှုနှင့် ဓာတ်အားလိုအပ်ချက်အပေါ် ဝန်ကြီးဌာနမှ စီမံဆောင်ရွက်ပေးနေသည့် အခြေအနေများကိုဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။