၂၀၁၈ခုနှစ်၊အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်များပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အာဆီယံစွမ်းအင် ဆိုင်ရာဗဟိုဌာန(ACE) တို့မှကြီးမှူး၍ ၂၀၁၈ ခုနှစ် စွမ်းအင်ထိရောက်စွာ အသုံးပြုထားသော အဆောက်အအုံများ (Energy Efficient Building) ပြိုင်ပွဲ၊ ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်းများ (Renewable Energy Project) ပြိုင်ပွဲ၊အဆောက်အအုံနှင့်စက်ရုံများ၏ အကောင်းဆုံးစီမံ ခန့်ခွဲမှုစနစ်(Energy Management) ပြိုင်ပွဲ၊ စိမ်းလန်းအဆောက်အအုံများ (Green Building) ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံပိုင်ကဏ္ဍဣနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပါဝင်ယှဉ်ပြိုင်နိုင် ကြပါသည်။
၂၀၁၈ ခုနှစ် ပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုသူများသည် ရွေးချယ်စိစစ်ရေးအမျိုးသား ကော်မတီ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ လှိုင်တက္ကသိုလ်ဝင်း၊ လှိုင်မြို့နယ်၊ရန်ကုန်မြို့(ဖုန်း-၀၁-၅၁၉၆၇၃-၇၆ နှင့် ၅၇၉၀၃၈)၊ (ဖက်စ်-၉၅-၁-၅၁၉၆၈၁ နှင့် ၆၆၅၁၉၃) သို့ မိမိတို့၏ အဆောက်အအုံ/လုပ်ငန်းစီမံကိန်း/စက်ရုံ/ရုံးဌာနတို့၏ အမည်၊ တည်နေရာ၊ လုပ်ငန်းသဘာဝ၊ ဆက်သွယ်ရန်ပုဂ္ဂိုလ်နှင့် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ်၊ ဖက်စ်နံပါတ်များဖော်ပြပြီး ၂၀၁၈ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့နောက်ဆုံးထား၍ ပါဝင်ယှဉ်ပြိုင်လိုကြောင်း အကြောင်းကြားစာရင်းပေး သွင်းကြရန်ဖြစ်ပါသည်။
ထပ်မံ၍ အသေးစိတ်သိရှိလိုသည်များရှိပါက ဦးအောင်သက်ပိုင် ဗဟိုကော်မတီ(ဖုန်း-၀၉-၄၄၄၈၉၉၆၉၉) သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။