The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa  အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိစ္စရပ်များအတွက် သီးခြားစီ ဆွေးနွေးခဲ့သည့်သတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး

ဦးဝင်းခိုင်သည် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa  အား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ

ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးကိစ္စရပ်များအတွက် သီးခြားစီ ဆွေးနွေးခဲ့သည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ ( ၁၃ ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့် ကိုယ်စားလှယ်အဖွဲ့အား ၁၃-၃-၂၀၁၈ ရက်၊ အင်္ဂါနေ့၊ (၁၀ : ၀၀)နာရီအချိန်တွင် ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Lee Sang-hwa နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ပြန်ပြည့်မြဲစွမ်းအင် နည်းလမ်းတို့ဖြင့် ပြည့်စုံစွာ ဖြည့်ဆည်းနိုင်ရန်နှင့် အရန်လျှပ်စစ်ဓာတ်အားများရရှိ စေရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကိုဆွေးနွေးရာတွင် လက်ရှိလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာ တစ်ရက်လျှင် ၃၀၀၀ မဂ္ဂါဝပ်ရှိပြီး လိုအပ်ချက်မှာ ၄၅၀၀ မဂ္ဂါဝပ်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများမှာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်း အထွက်နှုန်းများ စတင်ကျဆင်း လာမည်ဖြစ်ပါသောကြောင့် ရေတိုနှင့် ရေလတ် လျှပ်စစ်ဓာတ်အား လိုအပ်မှုကို ဖြည့်ဆည်းနိုင််ရန် LNG to Power စီမံကိန်း(၃)ခု ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ ၎င်းစီမံကိန်းများမှ ၂၀၂၀-၂၁ ခုနှစ် နောက်ပိုင်း လျှပ်စစ်ဓာတ်အား ၃၀၀၀ မဂ္ဂါဝပ်ခန့် ထုတ်လုပ်ပေးနိုင်ရေး ကုမ္ပဏီ(၄)ခုတို့မှ လိုအပ်သည့် လုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရန် Notice to Proceed ထုတ်ပေးခဲ့ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ပြည့်မီစွာရရှိရေးနှင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား ပြည့်မီပြီးပါက ပြည်ပသို့ လျှပ်စစ်ဓာတ်အား တင်ပို့ရောင်းချနိုင်ရေးအတွက် ၅၀၀ ကေဗွီ အရှေ့၊ အနောက်၊ တောင်၊ မြောက် လျှပ်စစ်ဓာတ်အားလိုင်း (4 Grid System) များ တည်ဆောက်သွယ်တန်းမည့် အစီအစဉ်များ၊ အိမ်နီးချင်းနိုင်ငံများနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမည့်အစီအစဥ်များ၊ ၂၀၂၀ ခုနှစ်တွင် မြို့ပြနှင့် ကျေးလက်တောရွာများရှိ အိမ်ထောင်စု (၁)သန်းကို  Liquefied Petroleum Gas (LPG) Cooking Gas အသုံးပြုနိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ KOICA Programme မှ လျှပ်စစ်စွမ်းအား ကဏ္ဍတွင် ပံ့ပိုးဆောင်ရွက်နေမှု အခြေနေများ၊ မြန်မာနိုင်ငံတွင် ကိုရီးယားသမ္မတနိုင်ငံမှ ကုမ္ပဏီများမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ ကြပါသည်။

          ထိုတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
13-Mar-2018