The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ပမှတင်သွင်းသည့်စက်ဆီချောဆီများအားနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိစ္စနှင့်စပ်လျဉ်းသည့် အသိပေးကြေညာချက်

၁။           လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်/ကုမ္ပဏီများ၏ ပြည်ပမှစက်ဆီချောဆီတင်သွင်းခြင်းနှင့်ပတ်သက်၍ စိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိရာတွင် စက်ဆီချောဆီ New Brand ပထမအကြိမ်တင်သွင်းမှုကိုသာနမူနာရယူ၍ အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီး အရည်အသွေးမှန်ကန်ပါက ထုတ်ယူဖြန့်ဖြူးသုံးစွဲခွင့်ပြုခဲ့ ပါသည်။

၂။           ယခုကဲ့သို့ ပြည်ပမှတင်သွင်းသည့်စက်ဆီချောဆီများနှင့်ပတ်သက်၍ တင်သွင်းသည့်စက်ဆီ ချောဆီတိုင်း အရည်အသွေးကောင်းမွန်မှန်ကန်မှုရှိစေပြီး ပြည်တွင်းဈေးကွက်အတွင်း သုံးစွဲသူပြည်သူ လူထု၏ယုံကြည်မှုပိုမိုရရှိစေရေးအတွက် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တင်သွင်းသည့် အကြိမ်တိုင်းနမူနာရယူပြီး အရည်အသွေးဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမည်ဖြစ်ပါကြောင်းနှင့် အရည်အသွေး မှန်ကန်မှုရှိမှသာ ထုတ်ယူဖြန့်ဖြူးသုံးစွဲခွင့်ပြုမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

                                                     မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း

Post under by : မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း(MPPE)
23-Aug-2018