The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ပို့လွှတ်မှု၊ ဖြန့်ဖြူးမှုဆိုင်ရာကဏ္ဍများအား လေ့လာ ဆွေးနွေးသည့်သတင်း

                                    

၂၀၁၈ခုနှစ်၊ သြဂုတ်လ (  ၂၅  ) ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် ဦးဆောင်သောမြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ယူနန်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ဖြန့်ဖြူးမှုတို့အား ထိမ်းသိမ်းကွပ်ကဲနေသော Yunan Power Grid Company Limited ၏Control Center သို့ရောက်ရှိခဲ့ရာ China Southern Power Grid Co. Ltd ၏ Vice President Mr. Bi Ya Xiong နှင့် တာဝန်ရှိသူများက Control Center အတွင်းလိုက်လံရှင်းလင်းပြသခဲ့ပါသည်။ ယူနန်ပြည်နယ်၌ စက်တပ်ဆင်အင်အား ၈၇၀၀၀ မဂ္ဂါဝပ်ကျော်ရှိပြီး၊ ရေအားလျှပ်စစ် ၇၂ ရာခိုင်နှုန်း၊ အပူစွမ်းအင်မှ ၁၆ ရာခိုင်နှုန်း၊ လေအား ၉ ရာခိုင်နှုန်း၊ နေစွမ်းအင် ၃ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျက်ရှိကြောင်း၊ ယူနန်ပြည်နယ်အတွင်းမဂ္ဂါဝပ် ၄ သောင်းကျော်သုံးစွဲပြီး၊ ကျန်လျှပ်စစ်ဓာတ်အားကို ပြည်နယ် များသို့ပေးပို့လျက်ရှိကြောင်းသိရပါသည်။ ယူနန်ပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများနှင့်လျှပ်စစ်ဓာတ်အား ကုန်သွယ်ရေးအတွက် အဓိက ကျသော ပြည်နယ်တစ်ခုဖြစ်ပြီး၊ လာအို၊ဗီယက်နမ်နိုင်ငံတို့နှင့် အပြန်အလှန် လျှပ်စစ်ဓာတ်အား များ ပို့လွှတ်လျက်ရှိပြီး၊ မြန်မာနိုင်ငံနှင့်လည်းပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် China Datang Overseas investment Company Limited မှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံ၍ပူးပေါင်းဆောင်ရွက်နေသော စီမံကိန်းများနှင့်ပက်သက်၍ဆွေးနွေးခဲ့ပါသည်။

         ထို့နောက် မွန်းလွဲပိုင်းတွင်Huaneng Lancang River Hydropower Inc ရုံးသို့ ရောက်ရှိကြပြီး Huaneng Group မှတည်ဆောက်ခဲ့သော ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပက်သက်သောအချက်အလက်များအား လေ့လာခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများအား ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Yunnan Provincial Energy Investment Group Company Limited နှင့် UREC Comapnyတို့မှတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံ၍နှစ်ဖက်ပူးပေါင်းဆောင်ရွက်နေသောလုပ်ငန်းအခြေအနေများအားဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

         ယနေ့ မွန်းလွဲပိုင်းကယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး (Deputy Governor) Mr. Zhang Gouhua ဦးဆောင်သောယူနန်ပြည်နယ်အစိုးရမှ တာဝန်ရှိသူများနှင့်ယူနန်ပြည်နယ် ကူမင်းမြို့ရှိ HaiGeng ပြည်နယ်ဧည့်ဂေဟာတွင်တွေ့ဆုံ၍ ယူနန်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
25-Aug-2018