The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေငှားစာချုပ်နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

၁၂ စက်တင်ဘာလ ၂၀၁၈

          ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ရှေ့ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေး နှင့် မြေငှားစာချုပ်နှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန အစည်းအဝေးခန်းမ ရုံးအမှတ်(၂၇) နေပြည်တော်၌ ၁၂-၉-၂၀၁၈ ရက်နေ့ နံနက်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

                    အစည်းအဝေးသို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဋ္ဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာထွန်းနိုင်၊ ဒုတိယဥက္ကဋ္ဌ(၂)၊ ဒေါက်တာမြင့်ဆန်း၊ အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင်နှင့်အဖွဲ့ဝင်များ၊ ထားဝယ်အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် (Special Purpose Vehicle-SPV) မြန်မာမှ ဒါရိုက်တာများ၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥပဒေရေးရာအထောက်အကူပြုအဖွဲ့နှင့် ပြင်ပဥပဒေအကြံပေး SCM Legal မှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးမှ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် နည်းလမ်းများနှင့်ပတ်သက်၍ ပြင်ပဥပဒေအကြံပေးနှင့်  ထားဝယ်အထူး စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၊ ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှင်းလင်းတင်ပြခဲ့ကြပြီး ထားဝယ် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ပြန်လည်ရှင်းလင်းဆွေးနွေးမှုများပြုလုပ်ကာ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် မြေငှားစာချုပ်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးအတည်ပြုခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ တက်ရောက်ဆွေးနွေးခဲ့ကြသည့် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ SPV- မြန်မာမှ ဒါရိုက်တာများ၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၊ ဥပဒေရေးရာအထောက်အကူပြုအဖွဲ့နှင့် ပြင်ပဥပဒေအကြံပေး SCM Legal မှ ပုဂ္ဂိုလ်များ ယခုကဲ့သို့ အတွေးအခေါ်အကြံအစည်များစွာဖြင့် အားတက်သရော ကူညီဆောင်ရွက်ခဲ့မှုများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် စီမံကိန်းတိုးတက် အောင်မြင်ဖြစ်ထွန်းရေး အတွက် ဆက်လက်ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
12-Sep-2018