၁။ အသေးစားရေနံချက်လုပ်ငန်း (Mini Refinery) လုပ်ကိုင်ဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပိုင်ကုမ္ပဏီ/အဖွဲ့အစည်းများသည် အောက်ပါအချက်အလက်များနှင့် အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းသို့ လိပ်မူ၍လျှောက်ထားနိုင်ပါသည်-
(က) လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ပါက အမည်၊ နိုင်ငံသား စိစစ်ရေးကဒ်ပြား အမှတ်၊ ဆက်သွယ်ရမည့်နေရပ်လိပ်စာနှင့် တယ်လီဖုန်းနံပါတ် ၊ (သို့မဟုတ်) ကုမ္ပဏီ အဖွဲ့အစည်းဖြစ်ပါက ကုမ္ပဏီအမည်၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(မိတ္တူ)၊ဆက်သွယ် ရမည့်လိပ်စာနှင့် တယ်လီဖုန်းနံပါတ်
(ခ) မြေပိုင်ဆိုင်မှု အထောက်အထား
(ဂ) လုပ်ငန်းဆောင်ရွက်မည့် တည်နေရာ၊ အကျယ်အဝန်းနှင့် ပတ်ဝန်းကျင် အနေအထား
(ဃ) သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်
(င) စက်ရုံ၏အကွက်ချပုံစံ (Layout Plan)
(စ) Detail Design Drawing
(ဆ) တစ်ရက်ချက်လုပ်မည့် ရေနံစိမ်းပမာဏ(အနည်းဆုံးဂါလန် ၃,၀၀၀ မှ အများဆုံး ဂါလန် ၃၀,၀၀၀ အထိသာခွင့်ပြုမည်)
(ဇ) ချက်လုပ်မှုနည်းစဉ်( Batch Type or Continuous Type )
(ဈ) ကုန်ကြမ်းရယူမည့်အစီအစဉ်
(ည) ထွက်ရှိမည့်စက်သုံးဆီအမျိုးအစား၊ စက်ရုံ၌အသုံးပြုမည့်ရေပမာဏနှင့် ရေယူမည့် နည်းလမ်း၊ လျှပ်စစ်ဓာတ်အားနှင့် လောင်စာသုံးစွဲမှုအစီအစဉ်
(ဋ) ဓာတုဗေဒစွန့်ပစ်ပစ္စည်းများနှင့် ရေဆိုးများအားသန့်စင်မည့်အစီအစဉ်
(ဌ) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မည့် အစီအစဉ်
၂။ အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဖုန်း ၀၆၇-၃၄၁၁၀၈၂ နှင့် ၀၆၇-၃၄၁၁၀၉၃ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
ရုံးအမှတ်(၄၄)၊နေပြည်တော်