The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ခေါ်ယူခဲ့သော Asia Development Bank (ADB) ချေးငွေအမှတ်၊ 3330-MYA အား လုပ်ငန်းလိုအပ်ချက်အရ တင်ဒါပိတ်ရက် ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်း

          လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၃၀ ကေဗွီ ကျိုက္ကဆံ၊ တောင်ဥက္ကလာပ၊ အနောက်ပိုင်းတက္ကသိုလ် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းနှင့် သာကေတ ဓာတ်အားခွဲရုံ တိုးချဲ့ခြင်းလုပ်ငန်းတို့အား Asia Development Bank (ADB) ချေးငွေအမှတ်၊ 3330-MYA ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် တင်ဒါအမှတ် - 7(T)/DPTSC (PTP)/2018-2019 ၏ တင်ဒါပိတ်ရက်ကို (၈-၁၀-၂၀၁၈) ရက်နေ့ (၁၄:၀၀) နာရီ (https://www.moee.gov.mm/mm/ignite/contentView/981) အဖြစ် လျှပ်စစ်နှင့်စွမ်းအင်   ဝန်ကြီးဌာန Web Portal ၌ (၄-၉-၂၀၁၈) ရက်နေ့တွင်လည်းကောင်း၊ ထပ်မံ၍ တင်ဒါပိတ်ရက်ကို (၈-၁၀-၂၀၁၈) ရက်နေ့ (၁၄:၀၀) နာရီအစား (၃၁-၁၀-၂၀၁၈) ရက်နေ့ (၁၄:၀၀) နာရီ (https://www.moee.gov.mm/mm/ignite/contentView/1050) အဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Web Portal ၌ (၁-၁၀-၂၀၁၈) ရက်နေ့တွင်လည်းကောင်း တင်ဒါပိတ်ရက်ပြင်ဆင်ခြင်းအား ထည့်သွင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။

        ယခုအခါ လုပ်ငန်းလိုအပ်ချက်အရ ၎င်းတင်ဒါ၏ တင်ဒါပိတ်ရက်အား (၃၁-၁၀-၂၀၁၈) ရက်နေ့ (၁၄:၀၀) နာရီ အစား (၁၆-၁၁-၂၀၁၈) ရက်နေ့ (၁၄:၀၀) နာရီ သို့ ထပ်မံပြောင်းလဲ ပြင်ဆင်သတ်မှတ်ကြောင်းနှင့် ထပ်မံလိုအပ်သည့် တင်ဒါဆိုင်ရာအချက်အလက်များအား Download ရယူနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

Download Link : 7(T)_Deadline_pdf_cc.pdf
Post under by : လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)
30-Oct-2018