The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

(ဂ)-ငပုတောမြို့နယ် ကျုံကူးတိုက်နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေးကိစ္စများ ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ အဘယ်ကြောင့် ကြန့်ကြာနေသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

ဦးသန်းအောင်( ငပုတောမဲဆန္ဒနယ်)

 (ဂ)-ငပုတောမြို့နယ် ကျုံကူးတိုက်နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာများအတွက် လျှပ်စစ်မီးလင်းရေးကိစ္စများ ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ အဘယ်ကြောင့် ကြန့်ကြာနေသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

 

တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လျှပ်စစ်စွမ်းအင်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် အထူးအားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ကို တွေ့မြင်ကြားသိရ၍ မိမိတို့ငပုတောမဲဆန္ဒရှင် ပြည်သူများက မျှော်လင့်နေကြကြောင်း၊ တစ်မြို့နယ်လုံးအတိုင်းအတာနှင့် လျှပ်စစ်မီးရရှိမှု တရားဝင် စာရင်းများအရ များစွာနိမ့်ကျ နည်းပါးနေပါကြောင်း၊

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကျုံကူးတိုက်နယ်အတွင်း ဆေးရုံများ၊ ကျောင်းများ၊ ကတ္တရာလမ်းများ၊ သောက်သုံးရေများ၊ လျှပ်စစ်မီးများ၊ ဆိုလာမီးများနှင့် ကုန်လုံပြည့်စုံအောင် အထူးဖြည့်ဆည်း ဆောင်ရွက်ပေးထားသော်လည်း ကျန်ကျေးရွာအချို့တွင် ယနေ့တိုင် လျှပ်စစ်မီးဖြင့် ရာသီမရွေးသွားလာနိုင်သည့် လမ်းများလည်း မရှိကြသေးကြောင်း၊ ဘုရားလှ၊ စမ်းကြီး၊ ညောင်ဝိုင်း၊ သဲကုန်းကြီးအစရှိသည့် ကျေးရွာများတွင် ယနေ့တိုင် မီးမလင်းနိုင်သေးသောကြောင့် ကျုံကူးတိုက်နယ်အတွင်း လျှပ်စစ်မီးရရှိရန် ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများကို မည်သည့်အခါတွင် လျှပ်စစ်စွမ်းအင်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်အတွင်း ကျေးရွာအုပ်စု ၈ အုပ်စုအနက် ကျေးရွာပေါင်း ၂၆ ရွာ တည်ရှိပါကြောင်း၊ အဆိုပါ ကျေးရွာများအနက် ကျုံကူးကျေးရွာ၊ ပျဉ်မကွင်းကျေးရွာ၊ ရဲခေါင်ကြီး (တောင်) ကျေးရွာ၊ ရဲခေါင်ကြီး (မြောက်) ကျေးရွာ၊ ရေကျော်ကျေးရွာနှင့် ရေတွင်းကုန်းကျေးရွာစသည့် ကျေးရွာခြောက်ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ညောင်ဝိုင်းကျေးရွာကို လျှပ်စစ်မီးရရှိရေးအတွက် ပျဉ်မကွင်းကျေးရွာမှနေ၍ ၁၁ ကေဗွီ ဓာတ်အားလိုင်းဆွဲ၍ သော်လည်းကောင်း၊ ဘုရားလှ (တောင်) ကျေးရွာနှင့် ဘုရားလှ (မြောက်) ကျေးရွာတို့ လျှပ်စစ်ဓာတ်အားရရှိရန်  ရေတွင်းကုန်း ကျေးရွာမှနေ၍ ၁၁ ကေဗွီလိုင်း တည်ဆောက်၍ သော်လည်းကောင်း၊  NEP စီမံကိန်း၏ ပထမအဆင့်တွင် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊  ရေတွင်းကုန်း လေးကျေးရွာနှင့် သင်္ကန်းကုန်းလေးကျေးရွာ နှစ်ရွာတို့တွင် တစ်ရွာလျှင် အိမ်ခြေ ၆၀ ခန့် ဝန်းကျင်ရှိပြီး ဘုရားလှ (တောင်) ကျေးရွာနှင့် တစ်ဆက်တည်းတည်ရှိ၍ ကျေးရွာအတွင်းရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်းများကိုလည်း အဆိုပါ ကျေးရွာသုံးရွာမှ ပူးပေါင်းပြီး ဆောင်ရွက်ထားသည့် အတွက်ကြောင့်  ဘုရားလှ (တောင်) ကျေးရွာက NEP ၏ ပထမအဆင့်တွင်  ဓာတ်အား ရရှိသွားသည်နှင့် တစ်ပြိုင်နက် ရေတွင်းကုန်းလေးကျေးရွာနှင့် သင်္ကန်းကုန်းလေးကျေးရွာ နှစ်ရွာမှာလည်း တစ်ပြိုင်နက် လျှပ်စစ်ဓာတ်အား ရရှိသွားမည်ဖြစ်ပါကြောင်း၊ နောက်နောင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုတိုးတက်လာလျှင် ထပ်မံလိုအပ်မည့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာ ကိုလည်း တိုင်းဒေသကြီးအစိုးရ၏ ဘတ်ဂျက်နှင့် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊

 

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကျုံကူးတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု ၈ အုပ်စု မီးလင်းရန် ထပ်မံကျန်ရှိနေသည့် ကျေးရွာ ၁၅ ရွာအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁/ဝ.၄ ကေဗွီ ထရန်စဖော်မာများကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှစ၍့ တိုင်းဒေသကြီးအစိုးရ၏ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် အဆင့်အလိုက် ထည့်သွင်း လျာထားဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်

လျှပ်စစ်နှင့်စွမ်းအင်

Source: dhttpss://www.pyithuhluttaw.gov.mm/question-3527

28-Feb-2019