The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

NEP လုပ်ငန်းများအတွက် တည်ဆောက်ရေးတင်ဒါရွေးချယ်ပြီးစီးမှု အခြေအနေတင်ပြခြင်း


၁၅ မတ် ၂၀၁၉


                အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP မှ C1-W6/18 ဖြင့် ပဲခူးတိုင်း ဒေသကြီး(အရှေ့ပိုင်း)၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်၊ C1-W7/18 ဖြင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တို့အတွက် တည်ဆောက်ရေးလုပ်ငန်း တင်ဒါခေါ်ယူထားသော လုပ်ငန်းများ အား နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များပါဝင်၍ တင်ဒါစိစစ်ရေးအဖွဲ့ဝင် များနှင့်အတူ ကမ္ဘာ့ဘဏ် ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်အတည် ပြုခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဝန်ကြီးဌာန တင်ဒါစိစစ်အတည်ပြုရေးကော်မတီ၏ အစည်းအဝေးအမှတ် ၇/၂၀၁၉ ဖြင့် စိစစ်အတည်ပြုဆုံး ဖြတ်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် Lot အလိုက် အောက်ဖော်ပြ ပါကုမ္ပဏီများ တင်ဒါ အောင်မြင်ကြောင်းနှင့် စာချုပ်ချုပ်ဆိုပြီးစီးပါက ကုမ္ပဏီများမှ မြေပြင် ကွင်းဆင်းလေ့လာပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်။
                တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှလည်း တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ တင်ဒါစည်းမျဉ်းသတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့သည့် ကုမ္ပဏီများမှလည်း မိမိတို့ကုမ္ပဏီ၏ တင်ဒါမအောင်မြင်ရသည့် အကြောင်းရင်းအားစုံစမ်း မေးမြန်းလိုပါက neppmomoee.info@gmail.com သို့ Email ပေးပို့၍လည်းကောင်း၊ Fax No. 067 3431176 သို့ စာဖြင့် Fax ပေးပို့၍လည်းကောင်း မေးမြန်းနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ် ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း ပွင့်လင်းမြင်သာစွာဖြင့် ပြန်လည် ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

15-Mar-2019