၁၁.၄.၂၀၁၉
၁။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP မှ C1-W10/18 ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ C1-W12/18 ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့ရှိ အစားထိုးကျေးရွာများနှင့် C1-W14/18 ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း အစားထိုးကျေးရွာများအတွက် တည်ဆောက်ရေး လုပ်ငန်း တင်ဒါခေါ်ယူထားသော လုပ်ငန်းများအား နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ်များပါဝင်၍ တင်ဒါစိစစ်ရေးအဖွဲ့ဝင်များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ စိစစ် အတည်ပြုခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဝန်ကြီးဌာန တင်ဒါစိစစ်အတည်ပြုရေး ကော်မတီ၏ အစည်းအဝေးအမှတ် ၁၁/၂၀၁၉ ဖြင့် စိစစ်အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် Lot အလိုက် အောက်ဖော်ပြပါကုမ္ပဏီများ တင်ဒါအောင်မြင်ကြောင်းနှင့် စာချုပ်ချုပ်ဆိုပြီးစီးပါက ကုမ္ပဏီများမှ မြေပြင်ကွင်းဆင်းလေ့လာပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက် တော့မည် ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်-
၂။ C1-W12/18 တွင် ကမ္ဘာ့ဘဏ်၏ တင်ဒါစည်းမျဉ်းစည်းကမ်းများအရ Lot No 1,2,6,7,9,10,11 တို့တွင် တင်ဒါအောင်မြင်သူတစ်ဉီးတစ်ယောက်မှ မရှိပါ၍ ယခုအခါတွင် C1-W12A/19 ဖြင့် အဆိုပါ Lot များအားတင်ဒါ ပြန်လည်ခေါ်ဆိုပြီးဖြစ်ပါသည်။
၃။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှလည်း တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ တင်ဒါစည်းမျဉ်းသတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့သည့် ကုမ္ပဏီများမှလည်း မိမိတို့ကုမ္ပဏီ၏ တင်ဒါမအောင်မြင်ရသည့် အကြောင်းရင်းအားစုံစမ်း မေးမြန်းလိုပါက neppmomoee.info@gmail.com သို့ Email ပေးပို့၍လည်းကောင်း၊ Fax No. 067 3431176 သို့ စာဖြင့် Fax ပေးပို့၍လည်းကောင်း မေးမြန်းနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ် ၏လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း ပွင့်လင်းမြင်သာစွာဖြင့် ပြန်လည် ဖြေကြား ပေးသွား မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ credit#NEP