The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပသော First General Assembly of International Solar Alliance (ISA) ၏ 2nd Global Renewable Energy (RE) – INVEST 2018 အခမ်းအနားသို့ တက်ရောက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (   ၄  ) ရက်

          အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ Greater Noida ရှိ India Expo Mant ၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့၊ ဒေသစံတော်ချိန် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သော 2nd Global Renewable Energy (RE) – INVEST 2018 ပြပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တက်ရောက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားအား Minister of State (IC) for Power and New & Renewable Energy ဖြစ်သူ H.E. Mr. Raj Kumar Singh မှ ဖွင့်လှစ်ပေးခဲ့ပြီး ၁၀:၀၀ နာရီအချိန်တွင် The First General Assembly of International Solar Alliance (ISA) အား စတင် ကျင်းပခဲ့ကာ Political Initiatives, RE Powering Small Hydro, Offshore Wind, Clean Energy, Financing through Demand Aggregation, The New Green Revolution (Bioenergy / Biofuels) စသည့် ကဏ္ဍအသီးသီးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၁၉:၀၀ နာရီအချိန်တွင် Minister of Petroleum and Natural gas; Minister of Skill Development and Entrepreneurship ဖြစ်သူ H.E. Mr. Dharmendra Pradhan နှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ကြ ပါသည်။

Post under by : ဝန်ကြီးရုံး
04-Oct-2018