The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့India Expo Centre ၌ ကျင်းပပြုလုပ်ခဲ့သော“The Bankers’ Perspective on Renewables” ဆွေးနွေးပွဲသို့ တက်ရောက်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၅ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ India Expo Centre တွင် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၄)b ရက်နေ့၊ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သော “The Bankers’ Perspective on Renewables” ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

          ၎င်းနောက် Adani Group နှင့် လျှပ်စစ်လုပ်ငန်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ဒေသစံတော်ချိန် ၁၅:၀၀ နာရီအချိန်၌ Minister of State (IC) for Power and New & Renewable Energy ဖြစ်သူ H.E. Mr. Raj Kumar Singh နှင့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
05-Oct-2018