The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာ-နယူးဇီလန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အစီအစဉ်ဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ အင်ဂျင်နီယာ အရာထမ်းများအတွက် ဖွင့်လှစ်သည့် “Grid Integration and Distributed Generation”သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ () ရက်

        မြန်မာ-နယူးဇီလန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အစီအစဉ်ဖြင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ အင်ဂျင်နီယာအရာထမ်းဝန်ထမ်းများအတွက် ဖွင့်လှစ်သည့် Grid Integration and Distributed Generation သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ နံနက် (၀၉:၀၀) နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

        အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ Deputy Head of Mission, Dr. SARAH Gallom၊ Auckland University မှ Project Director, Professor ROSALIND Archor နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နယူးဇီလန်နိုင်ငံ အစိုးရတို့အကြား ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကတိကဝတ်ပြုချက်(၂၀၁၇-၂၀၂၁) Myanmar –New Zealand Joint Commitment for Development Cooperation 2017-2021 အောက်မှ ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ် များကိုအသုံးပြုလျက် အားလုံးတတ်နိုင်၍ ယုံကြည်စိတ်ချရသော လျှပ်စစ်ဓာတ်အားရရှိစေရေး တွန်းအားပေးဆောင်ရွက်ရန်ရည်ရွယ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အင်ဂျင်နီယာ အရာထမ်းများအတွက် Grid Integration and Distributed Generation သင်တန်းကို ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီညီ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရန် ရက်သတ္တပတ်(၂)ပတ်ကြာ ပို့ချပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ရေအား၊ နေရောင်ခြည်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်၍ ဝန်ကြီးဌာနအနေဖြင့် အနာဂတ် Energy Mix တွင် အသုံးပြုနိုင်သည့် စွမ်းအင်အရင်းအမြစ် များမှ ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသင်တန်းတွင်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာဆိုင်ရာ ဘာသာရပ်များကို အတွေ့အကြုံရှိသော နယူးဇီလန်သင်တန်းဆရာများက နိုင်ငံတကာအတွေ့အကြုံကောင်းများကို အခြေခံပြီး ပို့ချပေးမည်ဖြစ်၍ သင်တန်းသား/သူများအနေဖြင့်လည်း လက်တွေ့နယ်ပယ်တွင် ပြန်လည် အသုံးချနိုင်စေရန် လေ့လာဆည်းပူးကြစေလိုပါကြောင်းနှင့် နယူးဇီလန်အစိုးရအနေဖြင့်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ သင်တန်းသားများက ယခုသင်တန်းမှ ရရှိသည့် နည်းပညာဗဟုသုတများကို အထူးဂရုစိုက် လေ့လာသင်ယူမှတ်သားကြစေလိုကြောင်း စသည်ဖြင့် တိုက်တွန်းပြောကြားခဲ့ပါသည်။

        ၎င်းနောက် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံရုံးမှ Deputy Head of Mission,   Dr. SARAH Gallom က မြန်မာနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယူးဇီလန်နိုင်ငံမှ ကူညီဆောင်ရွက်ခွင့် ရရှိသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဆိုင်ရာ နယူးဇီလန်သံရုံးမှ Deputy Head of Mission နှင့် Auckland University မှ Project Director နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
09-Oct-2018