The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်တင်ပြခြင်း

        ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (   ၁၅  )ရက်

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူနှင့် စက်မှုလက်မှုသုံးလုပ်ငန်းများ အတွက် လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။

              (၁၅.၁၀.၂၀၁၈) ရက်နေ့ (၀၅:၅၀) နာရီအချိန်တွင် ၂၃၀ ကေဗွီ သပြေဝ - တောင်တွင်း ကြီး ဓာတ်အားလိုင်း၏ တာဝါအမှတ် (၃၄၂ နှင့် ၃၄၃) အကြား ဓာတ်အားလိုင်း (၃) ကြိုးရှိသည့်အနက် AØ Conductor ကြိုးပြုတ်ကျ၍ ဓာတ်အားပြတ်တောက်ခဲ့ပြီး ဓာတ်အားစနစ် တစ်ခုလုံးဓာတ်အားပြတ်တောက်ခဲ့ပါသည်။

         အဆိုပါဓာတ်အားပြတ်တောက်မှုအတွက်  ပေါင်းလောင်းဓာတ်အားပေးစက်(၂)လုံးကို (၀၆:၃၀) နာရီအချိန်တွင် ပြန်လည်မောင်းနှင်၍ ၂၃၀ ကေဗွီ ပျဉ်းမနားခွဲရုံနှင့် နေပြည်တော်ခွဲရုံ (၁) တို့မှတဆင့် နေပြည်တော်ဧရိယာအတွင်း ကနဦး ဓာတ်အားပို့လွှတ်ထားရှိပြီး ရန်ကုန်၊ မန္တလေး အစရှိ သည့် မြို့ကြီးဒေသများသို့ ဓာတ်အားပေးနိုင်ရေးအတွက် ဦးသိမ်းသူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဓာတ်အားစနစ်ဌာန နှင့် ဝန်ထမ်းများမှ ဓာတ်အားအမြန်ဆုံး ပြန်လည်ရရှိရေး ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြအပ်ပါသည်။

Post under by : ဝန်ကြီးရုံး
15-Oct-2018