The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်ဆလင်ဒါများဖြန့်ဖြူးရောင်းချခွင့် လိုင်စင်(ဃ)နှင့်(င) အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်ရရှိထားသူများ သက်တမ်းတိုးရန် နှိုးဆော်ခြင်း

၁။      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ခွင့်ပြုထုတ်ပေးထားသော ဖြည့်တင်းပြီးရေနံဓာတ်ငွေ့ရည်ဆလင်ဒါများ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်(လိုင်စင်(ဃ)နှင့်(င)) များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသဖြင့်  သက်တမ်းကုန်ဆုံးသောနေ့ရက်မတိုင်မီ နောင်လာမည့်နှစ်အတွက် လိုင်စင်သက်တမ်းတိုးမြှင့် လျှောက်ထားရန် လိုအပ်ပါသည်။

၂။      လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးမြှင့်မှုကို ၁၉-၁၁-၂၀၁၈ ရက် နေ့မှ ၂၅-၁၂-၂၀၁၈ ရက်နေ့အတွင်း သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများရှိ ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံးများတွင် လျှောက်ထားကြရန် ဖြစ်ပြီး သက်တမ်းတိုးလျှောက်ထားရန်ပျက်ကွက်သည့် လိုင်စင်များအတွက်  ရက်လွန်ကြေးအဖြစ် ၁-၁-၂၀၁၉ ရက်နေ့မှစတင်ကာ တစ်ရက်လျှင် လိုင်စင်ကြေး၏ ()ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပါသည်။

၃။      မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များသည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ကွင်းဆင်းစစ်ဆေးပြီး လိုင်စင်အသစ်ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းကို  ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၄။      လိုင်စင် အသစ်/သက်တမ်းတိုး လျှောက်လွှာပုံစံများကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသ ကြီးများရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီရုံး များတွင်ရယူနိုင်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန Website တွင်လည်း ဝင်ရောက်ကြည့်ရှု့နိုင် ပါသည်။       

၅။      လိုင်စင် အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားသည့်အခါ  အောက်ဖေါ်ပြပါ အထောက်အထားစာရွက်စာတမ်းမိတ္တူများနှင့်အတူ တင်ပြလျှောက်ထားရန် နှိုးဆော်အပ်ပါသည်-

          (က)    လိုင်စင် အသစ်/သက်တမ်းတိုး လျှောက်လွှာ

          (ခ)     စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်

          (ဂ)     မီးသတ်ဦးစီးဌာန၏ထောက်ခံချက်

          (ဃ)    ပြည်တွင်းအခွန်များဦးစီးဌာန၏အခွန်ကင်းရှင်းကြောင်းထောက်ခံချက်

၆။      လိုင်စင် အသစ်/သက်တမ်းတိုးလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များသိရှိလိုပါက ဖုန်း-၀၆၇-၃၄၁၁၁၉၄ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

                                                                                       မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

                                                                                      လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

Download Link : APPLY_FORM.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
15-Nov-2018