The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေး ရှုပ်ထွေးဆားဗစ်ရှင်းလင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့ အင်းစိန် GTI ကျောင်းဝန်းတွင် ကျင်းပပြုလုပ်သော အင်းစိန်မြို့နယ်အတွင်း ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းပြီးစီးမှု ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

           အခမ်းအနားတွင် အင်းစိန်မြို့နယ် အတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ကိုယ်စား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဓနရာဇာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူမှ အင်းစိန်မြို့နယ်တွင် ၃ နှစ်တာ ကာလအတွင်း လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အားများ နှစ်စဉ်တိုးတက်ထုတ်လုပ် သယ်ယူဖြန့်ဖြူးပေး နေမှု အခြေအနေများ၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး အင်းစိန်မြို့နယ် တွင် ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားအရည်အသွေးကောင်းမွန်၍ ဗို့အားတည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့ကျရေးအတွက် ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းနိုင်ရေးအတွက် ဦးဆောင် ဆောင်ရွက်ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ဓနရာဇာကုမ္ပဏီမှ တာဝန်ရှိသူများအား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ လုပ်ငန်းဆောင်ရွက်ခဲ့မှုများအတွက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

     ထို့နောက် အင်းစိန်မြို့နယ်ရှိ ပြည်သူလူထု၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ ကိုယ်စား အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်တို့မှ အင်းစိန်မြို့နယ်တွင် ၃ နှစ်တာ ကာလအတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အင်းစိန် မြို့နယ် လျှပ်စစ်ဝန်ထမ်းများကိုယ်စား မြို့နယ်လျှပ်စစ်မန်နေဂျာနှင့် ဓနရာဇာကုမ္ပဏီလီမိတက်မှ ဝန်ထမ်း များကိုယ်စား မန်နေဂျင်းဒါရိုက်တာတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Jan-2019