The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

၃၃ ကေဗွီ မင်းပြား-ပေါက်တော ဓာတ်အားလိုင်း (၂၂.၅) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တော ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနား

 ၃၃ ကေဗွီ မင်းပြား - ပေါက်တော ဓာတ်အားလိုင်း (၂၂.၅) မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့ (၁၅ : ၀၀) နာရီအချိန်တွင် အဆိုပါဓာတ်အားခွဲရုံတည်ရှိရာဒေသ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုအမျိုးသား လွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်နှင့် တာဝန် ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများတက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးတက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ၃၃ ကေဗွီ မင်းပြား-ပေါက်တော ဓာတ်အားလိုင်း (၂၂.၅) မိုင်နှင့် (၃၃/၁၁) ကေဗွီ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံ အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပါသည်။

          ဆက်လက်၍ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ပေါက်တောဓာတ်အားခွဲရုံ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း အခမ်းအနားအား ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

          ပေါက်တောမြို့တွင် အိမ်ထောင်စုပေါင်း (၃၁၉၈) စုရှိသည့်အနက် ယခင်က အိမ်ထောင်စု (၉၇၆) စုကိုသာ ၅၀၀ ကေဗွီအေ မီးစက် (၂) လုံး၊ ၃၀၀ ကေဗွီအေ မီးစက် (၁) လုံးတို့ဖြင့် တစ်နေ့လျှင် (၅) နာရီခန့်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး (၂၄) နာရီ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် တည်ဆောက်ခဲ့သော စီမံကိန်းတစ်ခုလုံးအတွက် နိုင်ငံတော်မှ ကျပ်သန်း (၁၅၈၄.၁၃၄) သန်း ကုန်ကျခံတည်ဆောက်ပေးခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၁၁ ကေဗွီ ဓာတ်အား လိုင်း (၁၂) မိုင် ၊ ၄၀၀ ဗို့ဓာတ်အားလိုင်း (၁၇.၅) မိုင် ၊ ထရန်စဖော်မာ (၁၄) လုံးကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည့်အတွက် ပေါက်တောမြို့နယ် အတွင်းရှိ ကျေးရွာများအား မကြာမီဓာတ်အားဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပြီး ဓာတ်အားဖြန့်ဖြူးရေးလိုင်း များနှင့် ထရန်စဖော်မာများ တည်ဆောက်ပြီးစီးပါက ပေါက်တောမြို့နယ်နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာ ပေါင်း (၃၁) ရွာ၊ အိမ်ထောင်စု (၆၇၅၅) စုကို ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိပြီး လျှပ်စစ်ဓာတ်အားတိုးတက်ရရှိလာသည်နှင့်အမျှ အသေးစား စက်မှုလက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။

Post under by : ဝန်ကြီးရုံး
26-Dec-2017