The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein အား လက်ခံတွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ မတ်လ (  ၂၈ ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် နော်ဝေ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Dag-Inge Ulstein အား ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တို့အကြား ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍတို့တွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုများ၊ ​နော်ဝေနိုင်ငံ၊ Norwegian Water Resources and Energy Directorate (NVE)နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တို့အကြား Technical Assistant Program (Phase-I) ကို ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါ Phase(I)တွင် Hydropower Development ၊ Technical Transfer ၊ Implementation Support to Electricity Law and Regulations ၊ Hydropower Standards ၊  Strengthening of hydrological network and database for hydropower development နှင့် NVE Administration and Technical Support ဟူသော ဧရိယာ (၆)ခုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ သူဌေးနှင့် အထက်ကျိုင်းတောင်းစီမံကိန်းများအတွက် In-house Consultant ခေါ်ယူပေးခြင်းနှင့် Construction Management အတွက် Consultant စီစဉ်ပေးခြင်း၊ နော်ဝေနိုင်ငံ (သို့) အခြား သင့်လျော်သည့် နိုင်ငံများရှိ တက္ကသိုလ်များသို့ ရေအားလျှပ်စစ်ဆိုင်ရာ မဟာဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊ Hydrological Database ထူထောင်ခြင်းတို့ ဆောင်ရွက်ခဲ့ သည့်အခြေအနေများ၊ အဆိုပါ Technical Assistant Program (2019-2022) Phase (II) ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် (၈၅,၉၀၅,၀၀၀) နော်ဝေခရိုနာ လျာထားမှု အခြေအနေများနှင့် လက်မှတ်ရေးထိုးနိုင်ရေး နော်ဝေအစိုးရထံမှ ရန်ပုံငွေခွဲဝေချထားမှု အတည်ပြုချက်ကို စောင့်ဆိုင်းနေသည့် အခြေအနေများ၊ Electricity Master Plan ၊ လျှပ်စစ်ဓာတ်အား ရရှိရေးဆိုင်ရာ Short ၊ Medium ၊ Long Term Plan များနှင့် Smart Metering System ဆိုင်ရာတို့အား အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါသည်။

           အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊  အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
29-Mar-2019