The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ရန်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ လေ့လာရန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒ

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးအောင်မြင့်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၇-၁၂-၂၀၁၇ ရက်နေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံသို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားရာ ဌာနဆိုင်ရာတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပါသည်။

အဆိုပါ ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး ၊ အိန္ဒိယနိုင်ငံ၏ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လေ့လာရေးသွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

Post under by : ဝန်ကြီးရုံး
26-Dec-2017