The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ခွာ

၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ ( ၃ ) ရက်

    လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် စက်တင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအ​ဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ​လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

    ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ ၆ ရက်နေ့ အထိ ကျင်းပမည့် (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများ အစည်းအဝေး၊ အခြားဆက်စပ်အစည်းအဝေးနှင့် အာဆီယံစွမ်းအင်ဆိုင်ရာ လုပ်ငန်းဖိုရမ် ဖွင့်ပွဲ အခမ်းအနား (Joint Opening Ceremony of the 37th AMEM and Associated Meetings and the 2019 ASEAN Energy Business Forum - AEBF) ၊ (၃၇) ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး (37th AMEM)၊ အာဆီယံစွမ်းအင်ဝန်ကြီးများ နှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီတို့၏ ဆွေးနွေးပွဲ (37th AMEM-IEA)၊ အာဆီယံစွမ်းအင်ဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်အေဂျင်စီတို့၏ ဆွေးနွေးပွဲ (37th AMEM-IRENA)၊ (၁၃) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများအစည်းအဝေး (13th EAS EMM)၊ (၁၆) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အပေါင်း (၃) နိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ စွမ်းအင်ဝန်ကြီးများအစည်းအဝေး (16th AMEM+3) နှင့် အခြား အခမ်းအနားများဖြစ်ကြသော ၂၀၁၉ ခုနှစ်၏ အာဆီယံစွမ်းအင်ဆိုင်ရာ ဆုတံဆိပ်ရရှိသူ များအား ဆုချီးမြှင့်ခြင်း အစီအစဉ်နှင့် ညစာစားပွဲ (Gala Dinner and 2019 ASEAN Energy Awards) ၊ အာဆီယံစွမ်းအင်လုပ်ငန်းဆိုင်ရာဖိုရမ်နှင့် ပြခန်းများသို့လည်း လှည့်လှည်ကြည့်ရှုအားပေး မည်ဖြစ်ပါသည်။

     ပြည်ထောင်စုဝန်ကြီးသည် အဆိုပါအစည်းအဝေးများ တက်ရောက်ရာတွင် အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၁၆-၂၀၂၀ ၏ ကဏ္ဍခွဲ (၇) ရပ်ဖြစ်သည့် အာဆီယံလျှပ်စစ်ဓာတ်အားကွန်ရက်၊ အာဆီယံသဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွန်ရက်၊ အာဆီယံကျောက်မီးသွေးစွမ်းအင်ကဏ္ဍ၊ မြို့ပြသုံးနျူကလီးယားစွမ်းအင်၊ ဒေသတွင်းစွမ်းအင်မူဝါဒနှင့်စီမံရေး၊ ပြန်ပြည့်မြဲစွမ်းအင်၊ စွမ်းအင်ခြိုးခြံချွေတာရေးနှင့် ထိရောက်စွာ သုံးစွဲရေးကဏ္ဍခွဲများဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးမည်ဖြစ်ပါသည်။

      အလားတူ  ပြည်ထောင်စုဝန်ကြီးသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ ဖြစ်သော အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ နှင့် ဆွေးနွေးပွဲတွင်   Feasibility Study for ASEAN Multilateral Power Trade ဆိုင်ရာ ၂၀၁၉ ခုနှစ် ဦးစားပေးလုပ်ငန်းများ (ASEAN Renewable Integration Study 2019 )၊ ASEAN နှင့် IEA တို့၏ ၂၀၁၉-၂၀၂၂ (၃) နှစ်ကာလအတွင်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တို့ကိုလည်းကောင်း၊  ASEAN-IRENA (အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ)တို့၏ ဆွေးနွေးပွဲတွင် ၂၀၁၉-၂၀၂၁ နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်တို့ကို ဆွေးနွေးမည်ဖြစ်ပါ သည်။

      13th EAS-EMM အစည်းအဝေးတွင် အရှေ့အာရှထိပ်သီးအစည်းအဝေးအဖွဲ့ဝင် နိုင်ငံများ၏ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (EAS-ECTF) ၏ ၂၀၁၈-၂၀၁၉  လုပ်ငန်းစဉ် (၃) ခုဖြစ်သော Work Plan of the Biofuels for Transport and other Purpose Work Stream၊ Work Plan of the Energy Efficiency and Conservation Work Stream နှင့် Work Plan of the Renewable and Alternative Power Generation Work Stream တို့၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ အခြားပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များဖြစ်သည့် Transformation of Mobility, Hydrogen Society, Natural Gas Promotion, and Promotion of carbon Recycling လုပ်ငန်းတို့၏ တိုးတက်မှုများအပေါ် ဆွေးနွေးမည်ဖြစ်ပါသည်။ ထို့အပြင် Economic Research Institute for ASEAN and East Asia (ERIA) မှ ဆောင်ရွက်လျက်ရှိသည့် အာဆီယံစွမ်းအင်မူဝါဒဆိုင်ရာ သုတေသနလုပ်ငန်း များအပေါ်တွင်လည်းကောင်း၊ အရှေ့အာရှထိပ်သီးအစည်းအဝေး အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး (Enhancement of EAS Energy Cooperation) လုပ်ငန်းစဉ်များ အပေါ်တွင်လည်းကောင်း ဆွေးနွေးကြမည်ဖြစ်ပါသည်။ 

         အာဆီယံနှင့် ဆွေးနွေးဖက် (၃) နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံ တို့၏ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးသည် ASEAN+3 Energy Security Forum၊ ASEAN+3 Oil and Natural Gas Market Forum and Business Dialogue၊ ASEAN+3 New and Renewable Energy (NRE) and Energy Efficiency and Conservation (EE & C) Forum နှင့် ASEAN+3 Clean Energy Roundtable Dialogue တို့၏ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ်တွင်လည်းကောင်း၊ အာဆီယံ+၃ ၏ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်မည့် Work Programme အပေါ် လမ်းညွှန်မှုများပေးမည်ဖြစ်ပါသည်။

         

Post under by : ဝန်ကြီးရုံး
03-Sep-2019