The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

၂၀၁၉ခုနှစ်၊နိုဝင်ဘာလ ( ) ရက်

         လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆) ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။        

         အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်ကဏ္ဍ) ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ စွမ်းအင်ကဏ္ဍရှိ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနခွဲ အသီးသီးမှ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က အမှာစကားပြောကြားရာတွင် ဌာနများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ရည်မှန်းချက်များ အပြည့်အဝအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့စက်ရုံများ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးမြင့်မားပြီး စေျးကွက်ဝင်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရေး၊ ဌာန၏ဝင်ငွေ တိုးတက်ရှာဖွေနိုင်ရေး ၊ လေလွင့်ဆုံးရှုံးမှုများလျော့နည်းစေရေး၊ ဝန်ထမ်းများ၏ စွမ်းရည်မြင့်မားတိုးတက်စေရေး ကိုလည်း အရေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်အတွက် စွမ်းအင်ကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပိုမိုဝင်ရောက်လာရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။

         ထို့နောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အင်ဂျင်နီယာဌာနမှ တာဝန် ရှိသူများက ကံပေါက်-မြိုင်ကလေး-ရန်ကုန် ၂၀ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစားထိုး လဲလှယ်ဆောင်ရွက်မည့်အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဦးဆောင် ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦးက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများ အပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Nov-2019