The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် ဓာတ်အားပြတ်ဧရိယာများကို ကြိုတင်အသိပေးပန်ကြားခြင်း

၁။      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ်အတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခွန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင်စီမံကိန်း၊ ရေတင်အဆင့်(၁) (ကင်းတား)တွင် ၆၆ကေဗွီ ဓာတ်အားလိုင်း (၈)မိုင် သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပါသည်။

၂။       သို့ဖြစ်ပါ၍ အထက်ဖော်ပြပါလုပ်ငန်းဆောင်ရွက်ရာတွင် လွတ်ကင်းမှုမရှိသော ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ကူမဲဓာတ်အားခွဲရုံရှိ ၁၁ကေဗွီ ၅၀၀၂ ဖီဒါအား (၂၃-၁၁-၂၀၁၉) ရက် စနေနေ့၊ နံနက် (၀၈:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီထိ ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တွင်  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကူမဲမြို့နယ်ရှိ မြနဒီသရက်ခြံ၊ မှုန်တောင်၊ ချမ်းငြိမ်းသာရေစက်တို့တွင်  ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်။

Post under by : မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(MESC)
22-Nov-2019