မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ရွှေစာရံပင်မဓာတ်အားခွဲရုံအတွင်း 230/33/11 kV, 100 MVA Transformer တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးပြီဖြစ်၍ ဓာတ်အားဖြန့်ဖြူးနိုင်ရန် အတွက် 33kV Main Bus တွင် Bus Coupler D/S တပ်ဆင်ခြင်းလုပ်ငန်းကို ၂၉-၁၁-၂၀၁၉ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီမှ (၁၂:၀၀) နာရီအထိ 230/33/11 kV, 60 MVA Transformer 33 kV Feeder (1,2,3,4,5,6)တို့အား ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်မည်ဖြစ်သဖြင့် ဓာတ်အားပိတ်လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်တွင် အောက်ဖော်ပြပါအတိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်ပါကြောင်း အများပြည်သူသို့ လေးစားစွာဖြင့် ကြိုတင်အသိပေးပန်ကြားအပ်ပါသည်-
(က) ဖီဒါ (၁) စဉ့်ကိုင်မြို့နယ်၊ မီးသွေးဘုတ်ခွဲရုံနှင့် ရွှေလှံဘိုမြစ်ရေတင်
(ခ) ဖီဒါ (၂) ကျောက်ချောခွဲရုံ၊ ပုသိမ်ကြီးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်
(ဂ) ဖီဒါ (၃) ချမ်းမြသာစည်မြို့နယ်
(ဃ) ဖီဒါ (၄) ပြည်ကြီးတံခွန်မြို့နယ်
(င) ဖီဒါ (၅) ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးခွဲရုံ
(စ) ဖီဒါ (၆) ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ရာ